Latest Updates

Thursday, January 30, 2014

ကမ္ဘာ့ ပထမဦးဆုံး 'multiOS' ဟန်းဆက်

Geeksphone လို့ခေါ်တဲ့စပိန် စမတ်ဖုန်းကုမ္ပဏီက ထုတ်လုပ်မဲ့ မိုဘိုင်းဈေးကွက်အတွက် ခေတ်ရှေ့ပြေး ဖုန်းတစ်လုံးဖြစ်ပါတယ်။

Firefox OS/Android multiOS နှစ်မျိုးလုံးကို သုံးပေးထားမှာ ဖြစ်ပြီး မတူညီတဲ့ ဖုန်း ဂရပ်ဖစ် မျက်နှာပြင် နှစ်ခုကို သုံးစွဲလာနိင်တော့မှာ ဖြစ်ပါတယ်။

ပုံမှန်အတိုင်းဆို Geeksphone ကုမ္ပဏီက Firefox OS brand နဲ့ Logo ကိုသုံးဖို့ လိုင်စင်မရှိပါဘူး။ သို့ပေမဲ့ Install ပြုလုပ်ခြင်းဖြင့် ရရှိနိင်အောင် ဆောင်ရွက်ပေးမှာ
ဖြစ်ပါတယ်။

သင့်ရွေးချယ်တဲ့ OS တွေကနေ OTA update တွေကိုလည်းရရှိနိင်မှာ ဖြစ်ပြီး ဆော့ဝဲ Package ကိုပါရရှိနိင်မှာ ဖြစ်ပါတယ်။

Hardware ပိုင်းအနေနဲ့ကတော့ dual-core 1.6GHz Intel Atom CPU , မျက်နှာပြင် 4.7-inch ,960 x 540 screen,

1GB of RAM နဲ့ ကင်မရာ 8-megapixel rear/2-megapixel တို့ကိုရရှိနိင်ပေမဲ့ ဈေးနှုန်းနဲ့ ရောင်းချမဲ့နေရက်တွေကို မထုတ်ပြန်သေးပါဘူး။

Aung Heine ( www.smart.com.mm

Credit To - Smart Pro Journal

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar