(BETA) လေးနဲ့ ခြေလှမ်းစလိုက်ပါတယ်။ fepfz ကိုတော့ လောလောဆယ် v2.1 နဲ့ပဲ အဆုံးသတ်လိုက်ပါပြီ။
fepfz က ရှိပြီးသား file ကို patch လုပ်ပေးတာပါ။ အခု fezu ကတော့ file တစ်ခုလုံးကို အစားထိုးလိုက်မှာပါ။ brick ဖြစ်သွားနိုင်ချေ အရမ်းများပါတယ်။ ဒါကြောင့် ဒီစာကို ဆုံးအောင်ဖတ်ပြီး၊ backup လုပ်ပြီး သေချာပြီဆိုမှ စမ်းသပ်ပါ။
(၁) contact တွေနဲ့ အပျက်မခံနိုင်တဲ့ data တွေကို backup လုပ်ပါ။ (ဖုန်းကို တစ်ခုခုကလိတော့မယ်ဆိုတိုင်း ဒါတွေလုပ်ဖို့ မမေ့ပါနဲ့။)
(၂) /system/lib/libharfbuzz.so ကို ဘေးကင်းတဲ့တစ်နေရာရာမှာ copy ကူးထားပါ။
(၃) custom recovery တစ်ခုခု လိုပါတယ်။ update.zip နဲ့ ပြန်သွင်းမှာမို့လို့ပါ။ ကိုယ့်စက်နဲ့ ကိုက်ညီတဲ့ တစ်ခုခုကို သွင်းထားပါ။ bootloader unlock လုပ်ဖို့လည်း လိုကောင်းလိုပါလိမ့်မယ်။
(၄) ဒီ zip file (http://d-h.st/Ddr) လေးကို သုံးပြီး update.zip လေး ဖန်တီးပါ။ zip file ကို ဖွင့်ပြီး system/lib အောက်မှာ ခုနက ကူးထားတဲ့ libharfbuzz.so ဖိုင်ရယ်၊ စမ်းသပ်ဖို့ တခြား file သေးသေးတစ်ခုရယ် ထည့်ပါ။ ဒါဆိုရင် အဲဒီ zip file လေးသုံးပြီး recover ပြန်လုပ်လို့ ရပါပြီ။
(၅) zip file လေး တကယ်အလုပ်လုပ်ရဲ့လားဆိုတာ စမ်းကြည့်ပါဦး။ recovery ထဲကို ဝင်ပါ။ system ကို mount လုပ်ပါ။ zip လေးကို flash ကြည့်ပါ။ reboot ပြန်တက်လို့ ခုနက စမ်းသပ်ဖို့ထည့်ထားတဲ့ file လေးကို /system/lib အောက်မှာ တွေ့တယ်ဆိုရင် အိုကေပါပြီ။ တကယ်လို့ brick ဖြစ်သွားပြီဆိုရင် အဲဒီ zip file လေးကို ပြန် flash ပေးလိုက်ပါ။
အပေါ်မှာရေးထားတာတွေကို နားလည်ပြီ၊ backup လုပ်ပြီးပြီဆိုရင် စမ်းသပ်လို့ရပါပြီ။
Download APK here >> http://d-h.st/bFS
fezu ဟာ စက်ထဲမှာရှိပြီးသား Zawgyi Font ပေါ်မှာပဲ အခြေခံပြီး Unicode ကို မြင်ရဖို့ ကြိုးစားထားခြင်းပါ။ font အသစ် ထပ်မသွင်းပါ။ အခုမှ စမ်းသပ်ဆဲဖြစ်တဲ့အတွက် အမှားအယွင်းတွေ အများကြီးတွေ့ရပါလိမ့်မယ်။ သည်းမခံနိုင်တော့ဘူးဆိုရင် zip file လေးကို ပြန် flash လိုက်ပါ။
လိုအပ်ချက်တွေအများကြီးနဲ့ BETA Version တစ်ခုကို ချပြရတာက ...
(၁) ဘယ် device တွေမှာ brick ဖြစ်လဲဆိုတာ သိချင်လို့ပါ။
(၂) long term stability ကို သိချင်လို့ပါ။
(၃) perfect ဖြစ်မှ ချပြရမယ်ဆိုရင် ဘယ်တော့မှ ချပြရမှာမဟုတ်တော့လို့ပါ။ အခု version ကိုလည်း တော်တော်နဲ့ update လုပ်နိုင်ဦးမှာမဟုတ်သေးပါ။ Unicode ကိုယ်တိုင်က တော်တော်ရှုပ်ပါတယ်။ အဲဒါကို နည်းမှန်လမ်းမှန်မဟုတ်ဘဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်ထားတာမို့လို့ပါ။
brick ဖြစ်တဲ့ device တွေ၊ android version တွေနဲ့ အဆင်ပြေတဲ့ device တွေကို comment ပေးသွားကြပါခင်ဗျ။ နောက်လူတွေလည်း သိရအောင်လို့ပါ။ beta tester အားလုံးကို ကျေးဇူးတင်ပါတယ်။
icon အတွက် ယူသုံးထားတဲ့ပုံနဲ့ update.zip အတွက်တို့ကိုလည်း သက်ဆိုင်သူများကို ဒီနေရာကနေပဲ credit ပေးလိုက်ပါတယ်။
PS: စာလုံးတွေအဆင်မပြေတာတွေကိုတော့ comment မပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ။ မဟုတ်ရင် noti တက်လို့ပြီးမှာမဟုတ်တော့လို့ပါ။
Ref : Fepfz
- iOS 8.1.2 ကို Jailbreak ပြုလုပ်နိင်သော TaiG Jailbreak Tool ဗားရှင်းအသစ်ထွက်ရှိလာ
- Evasi0n7 Jailbreak Tool ဗားရှင်းအသစ် Evasi0n7 v1.0.8
- evasi0n 7 v1.0.7 Update On 3/2/2014
- လက်ရှိနောက်ဆုံးထွက်iOS 7.0.6ကိုJailbreakလုပ်နိုင်သောevasi0n 1.0.6
- evasi0n7 - iOS 7.x Jailbreak v 1.0.5 Latest Update..
- evasi0n iOS 7.x Jailbreak Tool v1.0.4
- Evasion 7 v1.0.3 Update Version
- Untether Jailbreak for iOS 6.1.3~6.1.5 v1.0.7 Update Version
- iOS 6.1.3~6.1.5 တို့ကို Jailbreak လုပ်နိုင်သော p0sixspwn Tool v1.0.5 Update ထွက်ရှိ
- iOS 6.1.3 , 6.1.4 & 6.1.5 Untethered Jailbreak Toolထွက်ရှိ
- Evasi0n v1.0.2 Beta Version
- Evasi0n 7 1.0.1 ( Jailbreak 7.0.4 UnTethered )
Post a Comment