Latest Updates

PC Software

Mobile Knowledge

Mobile News

From our Blog

Showing posts with label MoMo. Show all posts
Showing posts with label MoMo. Show all posts

Tuesday, November 26, 2013

MOMO Tablet Firmware များ

MOMO Table Firmware တွေကိုစုံစုံလင်လင်တင်ပေးထားပါတယ်......Firmware တင်နည်းကိုတော့မပြောတော့ဘူးနော်
အခက်ခဲရှိတယ်ဆိုရင် Comment မှာပြောခဲ့ကြပေါ့နော်......အဆင်ပြေပါစေဗျာ....
အောက်လင့်ကနေမိမိ Table Firmware နံပါတ်တွေကိုကြည့်ပြီးဒေါင်းနိုင်ပါပြီး..........




သက်ဆိုင်သူအားလုံးကိုCreditပေးပါတယ်ခင်ဗျာ...

Monday, September 2, 2013

Momo8,Momo9,Mono11 Tablet တွေ ကို firmware ပြန်တင်ကြမယ်

ဒီတစ်ခါမှာတော့ Momo8,Mono9,Mono11  tablet များကို firmware ပြန်တင်နိုင်မဲ့နည်းလမ်းလေးပါ။ 
ဒီပိုစ့်လေးကိုတော့pyayblogger.comမှာတွေ့လိုပြန်လည်ဝေမျှထားတာဖြစ်ပါတယ်။
မသိသေးတဲ့သူငယ်ချင်းများအတွက်လည်း အကျိုးရှိမဲ့လို့မျှော်လင့်ပါတယ်။ ဘာမှ မလုပ်ခင်မှာ လိုအပ်မဲ့ data လေးတွေ တောင်းလိုက်ကြမယ်နော်....
Driver
Livesuit
>> Download <<
Mono 8 bird version 4.0.4 -20,120,717 Firmware
>> Download <<
အားလုံးဒေါင်းပြီးသွားရင်တော့ စကြမယ်နော် .. Tab ကို အားပြည့်အောင်သွင်းထားပြီး ပါဝါပိတ်ထားလိုက်ပါ။
Driver အရင်ဆုံး သွင်းပါ့မယ်။ အကောင်းဆုံးသွင်းနည်းကတော့ ကောင်းနေတဲ့ momo tab တစ်လုံးကို
unknow source နဲ့ Debug on ပြီး ကွန်ပျူတာနဲ့ချိတ်ပါ။ Driver မသိရင် ပေးထားတဲ့အထဲက Pda net ဆိုတာလေးကို တင်လိုက်ပါ driver သိသွားပါလိမ့်မယ် ။ driver သိသွားပြီဆိုရင်တော့ ကောင်းနေတဲ့ tab မလိုတော့ပါဘူး။ 
ကောင်းနေတဲ့ tab ကို driver သွင်းရန် စတပ်တဲ့အနေအထားပါ။ မသိဘူးဆိုရင်တော့ အောက်က အဆင့်တွေ ဆက်လုပ်ပါ့မယ်။
pad net ကို install လုပ်ပါ့မယ်။




အားလုံးတင်ပြီးသွားလို့ tab ကို ကွန်ပျူတာက မသိဘူးဆိုရင်တော့ ကွန်ပျူတာကို Restart ချလိုက်ပါ ပြန်တတ်လာရင်သိပါပြီခင်ဗျာ ... :D
နောက်တစ်ဆင့်အနေနဲ့ Tab ကို Firmware ပြန်တင်ပေးမဲ့ livesuit ကို Install လုပ်လိုက်ပါ။ လုပ်ပြီးသွားရင်တော့  livesuit ဖိုဒါထဲမှာ firmware img ဖိုင်ကို သွားထည့်ပေးထားပါ။ ခုတင်ပေးထားတဲ့ firmware မိမိရဲ့ tablet firmware က ကိုက်ညီမှုမရှိဘူးဆိုရင်တော့ firmware အမှန်ကို သွားဒေါင်းပါခင်ဗျာ ။ firmware အမှန်ဒေါင်းနည်းကတော့ tab ရဲ့ နောက်ကျောကိုကြည့်ပါ။ momo8 နောက်က တရုတ်စာကိုကြည့်ပြီး စာလုံးတူရင်ဒေါင်းလို့ရပါပြီ တရုတ်စာတော့မတတ်ဘူးပေါ့နော် စာလုံးချင်းတိုက်ကြည့်ပြီး တူတဲ့ ဟာကိုသာဒေါင်းပါ ကျွန်တော်တော့ အဲဒီနည်းလမ်းနဲ့ အလုံးတော်တော်များများ တင်ဒါအဆင်ပြေပါတယ်။ ဒေါင်းရမဲ့ ဆိုက်လိမ်စာကတော့ ployer.cn ပါ။
ခုဆိုရင် livesuit install လုပ်နည်းလေးနဲ့ fimware သွားထည့်ရမဲ့နေရာကို ပြောပြပါ့မယ် အတတ်နိုင်ဆုံး ရှင်းရှင်းလေးလေး နဲ့ နားလည်အောင်ကြိုးစားပြီး ရေးပေးပါ့မယ် လိုအပ်ချက်များရှိရင်လည်းခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေခင်ဗျာ။
livesuit ကို zip ဖြည်လိုက်ပါ။ ရလာသောဖိုင်ကို C အောက်မှာသွားထားလိုက်ပါ။အထဲမှာပါတဲ့အထဲက သုံးမျိုးကို တဆင့်ချင်းလုပ်ဆောင်ပါ။
 


ဒေါင်းထားတဲ့ firmware img ကိုပါ livesuit folder ထဲက update ဖိုဒါထဲကိုထည့်ထားလည်းရပါတယ်။
firmware တင်ဖို့ပြင်ဆင်ပါတော့မယ် စက်မှာ run ထားတဲ့ anti virus ဆော့ဝဲလ်များရှိရင် ပိတ်ထားလိုက်တာ အကောင်းဆုံးပါပဲ။
livesuit icon လေးကို အရင်ဆုံးဖွင့်လိုက်ပါတယ် seleted img ကို နှိပ်ပြီး firmware ကိုရွေးပါ။



 livesuit ထဲကို firmware img ထည့်ပြီးသွားရင်တော့ အားအပြည့်သွင်းပြီးပါဝါပိတ်ထားသော firmware ပြန်တင်မဲ့ tab ကို Vol + နှိပ်ပြီး ကွန်ပျူနဲ့ချိတ်ပါ ခလုပ်လွတ်လို့မရပါဘူးခင်ဗျာ။ ခဏတော့စောင့်ပါ Driver သိမသိ ကြည့်လိုက်အုံး Driver သိပြီးသားဆိုရင်တော့ ပါဝါခလုပ်ကို ၁၀ ချက်နှိပ်ပေးလိုက်ပါ။ vol + ကိုနှိပ်ထား ရင်းနဲ့ ပါဝါခလုပ်ကိုပါ နှိပ်ပေးရမှာပါ။ ပါဝါခလုပ်ကိုနှိပ်တဲ့နေရာမှာလည်း အရမ်းမနှေးပါစေနဲ့ ခပ်မြန်မြန်လေး မှတ်ပြီး ၁၀ ချက်နှိပ်လိုက်ပါ။ menu ခလုပ်ပါသော momo Tablet များကိုတင်ရင်တော့ menu ခလုပ်ကို ဖိပြီးကွန်ပျူတာနဲ့ချိတ်ရမှာပါ ။momo8 မှာ menu ခလုပ်ကိုနှိပ်ပြီး ထိုးပါ။ momo9 ဆိုရင်တော့ vol + နှိပ်ပြီး ထိုးပါ။ ကျန်တာတွေကတော့ ဒီနည်းလေးအတိုင်းပါပဲ momo အားလုံးကိုတင်လို့ရပါတယ် ကျွန်တော် momo 11 အထိတင်ပြီး စမ်းပြီးသားမို့ စိတ်ချလက်ချလုပ်ဆောင်နိုင်ပါတယ်။ တင်ချင်တဲ့ firmware ကိုတော့ ployer.cn မှာစိတ်ကြိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ နောက်ကျောက တရုပ်စာလေးကြည့်ပြီးတော့သာဒေါင်းပါ အဆင်ပြေပါတယ်။
 အပေါ်ကပုံမျိုးလေးပေါ်လာရင်တော့ firmware တင်လို့ရပါပြီ မပေါ်ရင်တော့ နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်ပါ။ ရသွားရင်တော့ အောက်အဆင့်တွေ ဆက်လက်လုပ်ဆောင်လုပ်ပါ။


  ခုလိုမျိုးလေးပေါ်လာရင်တော့ firmware တင်တာအောင်မြင်ပါပြီ firmware မှားတင်မိရင်လည်း ပြသနာမရှိပါဘူး မှန်တဲ့ firmware ပြန်ရှာပြီး ဒီနည်းလေး အတိုင်းပြန်တင်လိုက်ပါ။ အားလုံးအဆင်ပြေသွားမှာပါ။ ခုလောက်ဆိုရင်တော့ သူငယ်ချင်းအားလုံး အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ လာရောက် အားပေးကြတဲ့သူငယ်ချင်းအားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Ref&Credit:PYAYBLOGGER
 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar