Latest Updates

PC Software

Mobile Knowledge

Mobile News

Tuesday, December 24, 2013

iOS 7 Evasi0n Jailbreak Tool ကိုရှောင်ရှားသင့်ကြောင်း ပညာရှင်များကဆို


iOS Jailbreak အဖွဲ့ Evasion က ထုတ်လိုက်တဲ့ နောက်ဆုံးထွက် iOS 7 Jailbreak ဆော့ဝဲမှာ တရုတ် apps store တစ်ခုဖြစ်တဲ့ Taig ဆိုတာ ပါလာပါတယ်။တရုတ်ပြည်က iOS 7 Jailbreak ပြုလုပ်တဲ့ အိုင်ဖုန်းသမားတွေစက်ထဲကို အဲဒီ apps က auto ဝင်သွားတာပါ…။
လောလောဆယ်တော့ တရုတ်ပြည်က အိုင်ဖုန်းနဲ့ တရုတ်ဘာသာ သုံးနေတဲ့ အိုင်ဖုန်းတွေမှာ affect ဖြစ်တယ်လို့ သိရတယ်။
ပြဿနာက… အဲဒီ Jailbreak လုပ်ထားတဲ့ iDevices တွေက Users data တွေကို တရုတ်ဆာဗာဆီ ပြန်ပို့နေတယ်လို့ သတင်းထွက်နေတာပါပဲ…။တရုတ်ဖိုရမ်တွေဆီမှာ ဒေါသထွက်နေတဲ့ အိုင်ဖုန်းသမားတွေ ပြည့်နေပါတယ်။
Evasi0n Jailbreak ဆော့ဝဲရေးသူ Planetbeing ကတော့ ဒီကိစ္စက တရုတ်ပြည်က ဖုန်းတွေမှာသာ ဖြစ်နေပြီး ပြင်ပက ဖုန်းတွေမှာ မဖြစ်ဘူးလို့ Reddit မှာ ရှင်းပြထားပါတယ်။နောက်ဆက်တွဲ သိရတာကတော့ Planetbeing ပါဝင်တဲ့ iOS Jailbreak အဖွဲ့ Evasion ဟာ သူတို့ ဆော့ဝဲ မထုတ်ခင်အချိန်မှာ Cydia ပိုင်ရှင် Saurik က တစ်ခြား အဖွဲ့နဲ့ ပေါင်းပြီး သူ့ကိုယ်ပိုင် Jailbreak ဆော့ဝဲကို ထုတ်တော့မှာမို့လို့ planetbeing က လက်ဦးမှု ရယူပြီး eVasion ကို ထုတ်လိုက်တာ ဆိုပါတယ်။ ထူးခြားတာကတော့ eVasion အဖွဲ့သားများက တရုတ်ပြည်မှာ Pirate software ဖြန့်တာနဲ့ ပတ်သက်ပြီး နာမည်ကြီးနေတဲ့ TaiG ဆိုတဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး TaiG apps store ကို eVasion ထောင်ဖောက်ဆော့ဝဲသုံးတဲ့သူတွေဖုန်းထဲကို အော်တို သွင်းလိုက်တာပါပဲ…။ အကျိုးအမြတ်အနေနဲ့ ဒေါ်လာ တစ်သန်း ရသွားတယ်လို့ ကြားနေရပါတယ်။ လောလောဆယ်တော့ Developer အများစုကတော့ ဒီ evasi0n Jailbreak ဆော့ဝဲကို လက်ရှောင်ထားဖို့ အကြံပေးနေကြပါတယ်။


Thanks & Credit to KoBoyz KoBoyz

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar