Latest Updates

PC Software

Mobile Knowledge

Mobile News

Monday, December 23, 2013

Eveis0n မှ Jailbreaker များအား တောင်းပန်


evasi0n မှ သူတို့၏ official website မှ Jailbreaker များကို ယခုသူတို့ ထုတ်ပေးခဲ့သော iOS 7+ Jailbreak tool အတွက် တရားဝင်တောင်းပန်လိုက်ပါတယ်။ iDevice များကို Jailbreak ပြုလုပ်ပြီးသော်လည်း Cydia ရှိ Source များ Tweaks အမျာစုမှာ iOS 7+ နှင့် လျှော်ညီစွာ အလုပ်မလုပ်နိုင်တာကို တွေ့ရပါတယ်။ တစ်ကယ်တော့ iOS 7+ အတွက် evasi0n jailbreak ထုတ်တော့မယ်ဆိုတာကို Cydia တည်ထောင်သူ Saurik နှင့် Tweaks များကို ဖန်တီးပေးသူများအာ ညှိုနှိုင်းအသိပေးခြင်း မရှိပဲ တရုပ်ကုမ္ပဏီ တစ်ခုဖြစ်သော "Taig" နှင့် ပက်သက်ခဲ့ပါတယ်...


"Taig" သည် cracked App များကိုတင်ထားတဲ့ တရုပ်ပြည်၏ Chinese AppStore တစ်ခုဖြစ်ပါတယ်။ iOS 7 အတွက် jailbreak tool ကို လုံးပမ်းနေစဉ်မှာ "Taig" ကုမ္ပဏီမှ ပူပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းတာကို evasi0n က လက်ခံခဲ့ပါတယ်။ သဘောတူညီမှုအရ evasi0n ၏ Jailbreak မှာ Cydia အပြင် Taig ကို နောက်ထပ် AppStore အနေနှင့် ပေါင်းထည့်ရန် လက်ခံခဲ့သော်လည်း နောက်ပိုင်းမှာ "Taig" က Cydia ကိုဖယ်ထုတ်ပစ်ရန် ကြိုးစားပြီး evasi0n ရဲ့ နည်းပညာကို အပြတ်ဝယ်ဖို့ တောင်းဆိုခဲ့ပါတယ်။

Jailbreaker တွေအားထားရာ "Cydia" ကိုထိပါးလာတဲ့အခါမှာတော့ evasi0n အနေနှင့် Saurik ကိုအသိပေးပြီး Taig နှင့် ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီလိုအချိန်မှာ Saurik ကလည်း သူ့ရဲ့ အဖွဲ့နဲ့အတူ Jailbreak tool တစ်ခုကို evasi0n ထက်အရင် ဦးအောင်ထုတ်မယ့် သတင်းကို ကြားလိုက်ရတဲ့အတွက် evasi0n က အခုလို jailbreak tool ကို ဆိုင်းမဆင့် ဗုံမဆင့်နဲ့ ထုတ်ချလိုက်ရပါတယ်။

ဒါကြောင့်မို့ Cydia ကီးမကိုက် ဖြစ်နေရပါတယ်။ ဒါကတော့အကြမ်းမျဉ်း ဖြစ်ပြီး အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုပါ...




Credit to : evasi0n


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်

မိုးသိကြား

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar