Latest Updates

PC Software

Mobile Knowledge

Mobile News

Wednesday, September 4, 2013

နေပြည်တော်တွင် မိုဘိုင်းဖုန်းလိုင်းကြောင့် Laptop & Netbook များ အရောင်းသွက်





Posted By: HtetAungMoe
နေပြည်တော် ကွန်ပျူတာဈေးကွက်အတွင်း Laptop နှင့် Netbook များ ရောင်းချရမှုသည် Desktop
ကွန်ပျူတာများထက် ရောင်းအားပိုများလျက်ရှိပြီး ထိုသို့ရောင်းချရမှုသည် မိုဘိုင်းဖုန်းများ၏ DATA သုံးစွဲ၍ရရှိမှုဖြင့် ပတ်သက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ဝယ်ယူသုံးစွဲသူအများစုမှာ အင်တာနက်အဓိကသုံးစွဲလိုသူ လူငယ်/ လူလတ်ပိုင်းအများစုဖြစ်ပြီး မိုဘိုင်းဖုန်းများဖြင့် ချိတ်ဆက်အသုံးပြုကာ အင်တာနက်အသုံးပြုလိုသူများအနေဖြင့် ပိုမိုဝယ်ယူကြကြောင်း သိရသည်။

“မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်ပြီး DATA သုံးဖို့ လူငယ်တွေလာ ဝယ်တာများပါတယ်။ သိသာတဲ့အချက်က မိုဘိုင်းဖုန်းပေါလာလေ Laptop & Netbook ပိုရောင်းရလေပဲ” ဟု ကွန်ပျူတာ အရောင်းဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူကပြောသည်။ Laptop များအနေဖြင့်လည်း Desktop ကွန်ပျူတာများဖြင့် စွမ်းဆောင်ရည် သိပ်မကွာတော့သလို ဈေးနှုန်းအားဖြင့်လည်း ယခင်ကကဲ့သို့ ကွာခြားခြင်းမရှိတော့သဖြင့် လူငယ်၊ လူလတ်ပိုင်းများအနေဖြင့်လည်း သွားလေရာသို့စတိုင်ကျကျ သယ်ဆောင်သွားနိုင်သော Laptopကို ပိုပြီးဦးစားပေး ရွေးချယ်လာကြသလို ဈေးနှုန်းချိုသာသော လက်ဖက်ရည်/ အအေးဆိုင်များတွင်လည်း အခမဲ့ Wi-Fi လွှတ်ပေးထားခြင်းမှာ Laptop & Netbook များ ရောင်းအားမြင့်တက်စေသော အချက်အလက်များဖြစ်စေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
Ref&Credit:Internet Journal

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar