Latest Updates

PC Software

Mobile Knowledge

Mobile News

Wednesday, September 4, 2013

Android mobile operating system ဗားရှင်းသစ် အမည်ကို KitKat ဟု ခေါ်ဆိုမည်



Posted By: HtetAungMoe
အသစ်ဖြန့်ချိမည့် Android mobile operating system ၏ အမည်ကို KitKat ဟုခေါ်ဆိုမည်ဖြစ်ကြောင်း Google ကုမ္ပဏီ၏ Android နှင့် Chrome ဌာနမှ အကြီးအကဲဖြစ်သူ ဆွန်ဒါပီချိုင်းက အတည်ပြုခဲ့သည်။

 KitKat သည် Nestle က ထုတ်လုပ်သည့် ချောကလတ်တောင့်များ၏ ကုန်အမှတ်တံဆိပ်ဖြစ်သည်။ သို့သော်လည်း ယခင်သတ်မှတ်ထားသည့် Key Lime Pie အစား KitKat ကို Android 4.4 ၏ codename အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း Android KitKat ၏ ဝက်ဘ်စာမျက်နှာတွင် ဖော်ပြထားသည်။

Google သည် Android 4.4 ၏ codename ကို Key Lime Pie ဟုခေါ်တွင်ရန် ယခင်က သတ်မှတ်ထားသော်လည်း key lime pie မုန့်၏ အရသာကို လူအနည်းစုသာ သိရှိသည့်အတွက် အခြားအမည်တစ်ခုဖြင့် အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Google က ဖြန့်ချိခဲ့သည့် ယခင် Android ဗားရှင်း၏ အမည်များမှာ Cupcake, Éclair, Donut, Froyo, Gingerbread, Honeycomb,Ice Cream Sandwich  နှင့် Jelly Bean တို့ဖြစ်သည်။
Ref&Credit: Internet Journal 

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar