Latest Updates

PC Software

Mobile Knowledge

Mobile News

Saturday, March 22, 2014

New Best 5 iOS Games in App Store

Ref & Credit - Apple4MM
အခုလတ်တလော App Store ပေါ်မှာ အသစ်ထွက်ရှိလာပြီး နာမည်ကြီးနေတဲ့ Games လေး 5 ခုကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။
Smash Hit
- ဒီ Game လေးကတော့ ဖန်သားနန်းတော်ထဲမှာ ကစားရတဲ့ Game လေးပဲဖြစ်ပါတယ်။ လမ်းတစ်လျောက်မှာရှိတဲ့ ဖန်ချောင်းလေးတွေ ၊ ဖန်သားပြင်တွေကို သံဘောလုံးလေးတွေနဲ့ ပစ်ပေါက်ခွဲပြီး ဆော့ကစားရတဲ့ ဂိမ်းလေးပါ။
သံဘောလုံးအရေအတွက်ကန့်သတ်ချက်ရှိတာကြောင့် သံဘောလုံးလေးတွေ မကုန်အောင် ဖန်ချောင်းလေးတွေကို ပစ်ပေါက်ပြီး ဖန်ချောင်းလေးတစ်ချောင်းချိုးနိုင်ရင် သံဘောလုံးလေး ၃ လုံးရယူလို့ရပါတယ်။ ကိုယ့်ရဲ့ Game Score ဘယ်လောက်ရလဲဆိုတာ ဖန်သားနန်းတော် ထဲမှာကစားကြည့်ရအောင်…
game1
Price    :    Free
Link    :    https://itunes.apple.com/sg/app/smash-hit/id603527166?mt=8
Shark Party Pool
- ဒီ Game လေးကတော့ ဘိလိယက် ထိုးတာ ဝါသနာပါသူတွေအတွက် အတော်ကိုကောင်းတဲ့ Game လေးပါ။ AI နဲ့ ဘိလိယက်ထိုးရတာ ပျင်းနေတဲ့သူတွေအတွက် ကိုယ့်လို ဝါသနာပါသူတွေ အွန်လိုင်းပေါ်မှာ စောင့်နေပါတယ်။သူတို့နဲ့ Online ချိတ်ပြီး အပြိုင်အဆိုင် အနိုင်ရအောင် ဘိလိယက်ထိုး ကစားရတဲ့ Game လေးပါ။


game2

Price    :    Free
Link    :    https://itunes.apple.com/sg/app/shark-party-pool/id734258121?mt=8
Joe Danger Infinity
- ဒီ Game လေးကတော့ စွန့်စားရတာဝါသနာပါတဲ့ Joe ဆိုတဲ့ ဆိုင်ကယ်မောင်းသမားလေးကို စတန့်ထွင်ပြီး ဆိုင်ကယ်မောင်းကစားရတဲ့ ဂိမ်းလေးပါ။ဆိုင်ကယ်တွေကော … ကားတွေကော… ရဟတ်ယျာဉ်တွေကော… လေယျာဉ်တွေနဲ့ မျိုးစုံနေအောင် ဆော့ကစားရမဲ့ပျော်ရွှင်စရာကောင်းတဲ့ ဂိမ်းလေးတစ်ခုပါ။


game3


Price    :    $ 0.99
Link    :    https://itunes.apple.com/sg/app/joe-danger-infinity/id704484890?mt=8
Pocket GunFighters
- ဒီ Game လေးကတော့ Cowboy ကြိုက်တဲ့သူတွေအတွက် အတော်သင့်တော်တဲ့ ဂိမ်းပါပဲ။ကျွန်တော် လည်း Cowboy ကြိုက်သူဖြစ်တာကြောင့် ဒီ Game လေးကိုအတော်ကြိုက်ပါတယ်။ Cowboy လေးက ရန်သူတွေကို သေနတ်နဲ့ ပစ်ခတ်တဲ့နေရာမှာ Gesture တွေကိုပါ ထည့်သွင်းထားတဲ့အတွက်ကြောင့် ရန်သူ လေးငါးယောက်ကိုတောင် တစ်ခါတည်း လက်ကလေးနဲ့ Swipe လုပ်ပြီး ပစ်ခတ်နှိမ်နင်းနိုင်ပါတယ်။ Internet Connection တော့လိုအပ်ပါတယ်။

game4

Price    :    Free
Link    :    https://itunes.apple.com/sg/app/pocket-gunfighters/id685742694?mt=8
The Sim FreePlay


game5

- ဒီ Game လေးကတော့ ကျွန်တော်တို့နဲ့ မစိမ်းတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ Sim Game ဆိုရင် လူတော်တော်များများ သိကြပါတယ်။အခုလည်း  EA Game က The Si FreePlay ကို Update လုပ်ပေးထားပါတယ်။Update Version မှာ ဘာတွေအသစ်ပါလာလဲဆိုတော့
- Live Big , Dream Big
- Trip to the Afterlife
- Sporty vs Geek
- Beachside Bliss
- Game On
တွေအသစ်ပါပါတယ်။ Sim Game က PC မှာကောင်းကောင်း ဆော့ဖူးရင် အရမ်းကြိုက်ပါလိမ့်မယ်။ အချိန်တော့နည်းနည်းပေးရပါတယ်။အခု Update မှာ တမလွန်ဘဝကိုပါ ခရီးထွက်နိုင်ပါတယ်။
Price    :    Free
Link    :    https://itunes.apple.com/sg/app/the-sims-freeplay/id466966101?mt=8
Game လေးတွေဆော့ရင်းနဲ့ အပန်းပြေနိုင်ကြပါစေဗျာ…

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar