Saturday, March 8, 2014
iPhone 5S အတွင်းမှာ ဘာထူးခြားပြောင်းလဲသွားခဲ့မှု
Ref & Credit - Smart Pro Journal
iFixit အမည်ရ ဝဘ်ဆိုဒ်က iPhone 5S အတွင်းပစ္စည်းပြောင်းလဲမှုများကို ထွက်ထွက်ချင်း ကတည်းက ဖွင့်ချ ထားပြီးသား ဖြစ်ပါတယ်။
iFixit တို့ ပြောဆို ပြသချက်အရ အတွင်းမှာ ထူးထူးခြားခြား ပြောင်းလဲ သွားမှု မရှိ ပါ ဘူး။ ကြိုးတစ်ချောင်းပိုလာတာ တစ်ခုပဲ ရှိတယ်လို့ ဆိုပါတယ်။ Touch ID Sensor နဲ့ Lightening Port ကြား ဆက်သွယ်ထားတဲ့ ဝါယာကြိုး တစ်ခု သာ ပိုပြီး ဖုန်း ဟာ့ဒ်ဝဲ ပြင်သမားတွေ အထူးသတိထားရမယ့် အစိတ် အပိုင်း တစ်ခု ဖြစ်ကြောင်း ဆိုပါတယ်။
ဟာ့ဒ်ဝဲ တည်ဆောက်ပုံ ဒီဇိုင်း ပြောင်းလဲ မသွားပါဘူး။ Upgrade လုပ်ထား တဲ့ ပစ္စည်းများကို အသုံးပြုလိုက်ခြင်းသာ ဖြစ်ကြောင်း ဆိုပါတယ်။ ဥပမာ A6 ကနေ 64 bit A7 Chip ကို အသုံးပြုလိုက်တာမျိုး ဖြစ်ပြီး ကမ္ဘာ့ Processor အမြန်ဆုံး စမတ်ဖုန်းအဖြစ် အသိအမှတ်ပြုနိုင်ခြင်း ဖြစ်ပါတယ်။ အပြင် ဒီဇိုင်းအားဖြင့်လည်း ထူးထူးခြားခြား မပြောင်းလဲပါဘူး။ လက်ရှိ အချိန် အထိ ကတော့ ကမ္ဘာပေါ်မှာ 64 bit architecture အသုံးပြုတဲ့ စမတ်ဖုန်း အဖြစ် စံချိန် တင်ထားနေဆဲ ဖြစ်ပါတယ်။
Ref: ifixit
Aung Kham (www.smart.com.mm)
Subscribe to:
Post Comments
(
Atom
)
Post a Comment