Latest Updates

PC Software

Mobile Knowledge

Mobile News

Wednesday, March 19, 2014

Google က Android Wear OS ကို ထုတ်ဖော်ပြသ

Google က Wearable Device တွေမှာအသုံးပြုဖို့ Android Wear OS ကို တီထွင်ပေးလိုက်ပါတယ်။ Mobile Android OS ကို ပြုပြင်ထားတာဖြစ်ပါတယ်။ Android Wear ဟာ Google Now Voice Recognition နည်းပညာ ပေါ်မှာ များစွာ အခြေခံ ထားတာဖြစ်ပါတယ်။ Android Wear ကို ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး အထူးသဖြင့် စမတ်နာရီ တွေမှာ အသုံးပြုကြမှာဖြစ်ပါတယ်။

Google က Android Wear ကို အသုံးပြုဖို့ Hardware Partner များအဖြစ် LG , Asus, HTC, Motorola , Samsung တို့ကို ကြေညာခဲ့ပါတယ်။ Broadcom, Imagination, Intel, MediaTek, Qualcomm တို့ကို Chip Partner များအဖြစ် ကြေညာခဲ့ပါတယ်။ Fossil Group ကလည်း Android Wear မောင်းနှင်တဲ့ နာရီများ ကို ဒီနှစ်ကုန်ပိုင်းမှာ ထုတ်လုပ်ရောင်းချမှာဖြစ်ပါတယ်။

Android Wear ဟာ Google Glass လိုပဲ Google Now အပေါ် မှီခိုထားတာဖြစ်ပြီး “Ok Google” Voice Command ကို အသုံးပြုပြီး မေးခွန်းတွေ မေးလို့ရသလို Message တွေပေးပို့နိုင်ပါတယ်။ Android Wear က နေရာဒေသပေါ်မူတည်ပြီး သင့်တော်တဲ့ သတင်းအချက်အလက်တွေကို ပံ့ပိုးပေးမှာဖြစ်ပါတယ်။ Social App က Notification တွေ၊ Messaging App က အချက်ပေးမှုတွေ နဲ့ အခြား App တွေက သတင်းအချက်အလက်တွေကို ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေး နဲ့ ကိုယ်လက်လှုပ်ရှားမှု ကို တိုင်းတာပေးနိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ TV , Computer တွေအပါအ၀င် အခြား Device တွေနဲ့ လူတွေကြားမှာ ဆက်သွယ်ပေးနိုင်တဲ့ လင့် တစ်ခု အဖြစ် Android Wear ကို Google က ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Android Wear အလုပ်လုပ်ပုံ ကို အောက်က ဗီဒီယိုတွေမှာ လေ့လာနိုင်ပါတယ်။


 


Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar