Latest Updates

PC Software

Mobile Knowledge

Mobile News

Sunday, March 23, 2014

Apks & Games တွေ Install လုပ်ရင် Out of Space ပြဿနာ

Ref - MPX Team
မင်္ဂလာပါဗျ ...

အခုရက်ပိုင်း လိုင်းတွေကျနေလို့ နည်းပညာနဲ့ ပတ်သက်တာတွေ မတင်ဖြစ်တာများပါတယ် ...
အခုလည်း ဖုန်းနဲ့ပတ်သက်တဲ့ နည်းပညာလေးတစ်ခုရေးပါမယ် ...
သင်တို့ရဲ့ဖုန်းမှာ Apks & Games တွေ အရင်တုန်းကသွင်းလို့ရပီ နောက်ပိုင်းပြန်သုံးချင်လို့ Install လုပ်ရင် Out of Space ဆိုပီ ပေါ်တဲ့ပြသာနာလေးပါ ...

သင့်ဖုန်းမှာ မန်မိုရီလည်း အများကြီးကျန်သေးတယ်။ Install လုပ်ရင်  Out of Space ဆိုပီပေါ်တယ် .... အဲ့ဒါ ဘာကြောင့်လည်း?

Rooted လုပ်ပီးသားစက်တွေမှာ ဖြစ်ပါတယ် ...
အဲ့လိုဖြစ်ရတဲ့အကြောင်းက Apks & Games တွေကို Lucky Patcher နဲ့ Patched လုပ်ပီး အသုံးပြုထားတဲ့စက်တွေမှာ အဖြစ်များပါတယ် ...

မသိသေးတဲ့သူများအတွက် အောက်မှာ Apks & Games တွေကို Lucky Patcher နဲ့ Patch ထည့်တာကအစ
Install လုပ်ရင် Odex ဖိုင်ရှိနေလို့ Out of Space ဖြစ်ရတဲ့အကြောင်း စတဲ့အသေးစိတ်ကို ရေးပြထားပါတယ် ...

ဒီနည်းလမ်းက ကျွန်တော်ကိုယ်တိုင် ရှာဖွေ/ စမ်းသပ်/ ကလိရင်းတွေ့လို့ ပြန်ရှယ်ပေးခြင်းပါ ...
မည်သူတစ်ဦးတစ်ယောက်ရဲ့ပို့စ်ကိုမှ ကူးယူဖော်ပြခြင်းမဟုတ်ပါခင်ဗျာ ...


ကျွန်တော်နမူနာအနေနဲ့ Patch ဖိုင်ထည့်မှ အသုံးပြုလို့ရတဲ့ Earn To Die ဆိုတဲ့ ဂိမ်းလေးတစ်ခုနဲ့ ပြပေးထားပါတယ် ...
ဒီ ဂိမ်းက ပလေးစတိုးမှာ ပိုက်ဆံပေးရတဲ့ ဂိမ်းပါ {License ဗားရှင်းပါ}... ဒီအတိုင်း Install ပီ သုံးရင် အသုံးပြုလို့မရပါဘူး ... ဖွင့်လိုက်ရင် Verify လုပ်ခိုင်းတယ် ... ကွန်လိုင်းဖွင့်ပီ Verify လုပ်ရင်လည်း Purchased (၀ယ်ခိုင်းပါတယ် ...)



အဲ့အတွက် License ဗားရှင်းဂိမ်းကို Patch နဲ့အသုံးပြုရပါမယ် {Lucky Patcher သုံးရပါမယ် ...}

Lucky Patcher ကိုဖွင့်ပါ ... Loading packages လုပ်နေပါမယ် ... အခု Earn To Die ဂိမ်းကို Patch ထည့်ပြမယ် ...
Earn To Die ဂိမ်းပေါ်မှာ လက်နဲ့ [၂/၃ စကန့်လောက်] ဖိထားပါ ...
menu တစ်ခုတက်လာပါမယ် ... အပေါ်ဆုံးက Remove License Verification ကိုရွေးပါ ...
ထပ်ပေါ်လာတဲ့အကွက်မှာ Auto Modes ကိုရွေးပါ ...


နောက်ပေါ်တဲ့အကွက်မှာ Auto mode မှာ အမှန်ခြစ်တပ်ပီ Apply လုပ်ပါ ... Patch to Application .... ဆိုပီ Patch ဖိုင်ထည့်နေပါမယ် ... ပီရင် Patch ဖိုင်ထည့်ပီကြောင်း Patch results ဘောက်တက်လာပါမယ် ... Ok လုပ်ပါ ...
Patch ဖိုင်ထည့်ပီးသွားရင် ဘေးမှာ အရောင်မှိန်နေတာလေးနှစ်ခု အရောင်လင်းနေပါလိမ့်မယ် ...


Patch ဖိုင်ရောက် - မရောက်သိချင်ရင် Root Explorer >> data >> app ထဲကိုသွားပါ ...
Earn To Die ဆိုတဲ့ ဂိမ်းလေးကို icon ကိုကြည့်ပီးရှာပါ ... တွေ့ပီးဆိုရင် အဲ့ဂိမ်းအောက်မှာဘဲ file name တူ .odex ဆိုတဲ့ ဖိုင်လေးတစ်ခုတွေ့ပါလိမ့်မယ် ...


ဒါဆိုရင် ဂိမ်းကို အသုံးပြုလို့ရပါပီ ... ဂိမ်းကိုဖွင့် verify လုပ်ရန် ကွန်နက်ရှင်ဖွင့်ပေးလိုက်ရင် Patch မထည့်ခင်ကလို Purchased ဘောက်မတက်လာတော့ပါဘူး ... Play လို့ရသွားပါပီဗျ ...




Out of Space ဖြစ်နေတဲ့ပြသာနာကို ဖြေရှင်းမယ့် အရေးကြီးတဲ့အပိုင်းပါ ...
မိမိက Patch လုပ်ထားတဲ့ Apks & Games တွေကို အသုံးမပြုချင်တော့လို့ဘဲဖြစ်ဖြစ်၊ စက်လေးလာလို့ဘဲဖြစ်ဖြစ် Uninstall လုပ်ပါတယ် ...

နောက်ပိုင်းကြမှ မိမိက Apks & Games တွေကို ပြန်သုံးချင်လို့ စက်မှာ Install လည်းလုပ်ရော မိမိဖုန်းမှာ Patch လုပ်ထားပီးသားဖြစ်တဲ့ Apks & Games တွေဆို Install လုပ်မရတဲ့ Out of Space ဆိုတဲ့ ပြသာနာတက်ပီးပေါ့ ...
ဖုန်းမန်မိုရီကို စစ်ကြည့်တော့လည်း အများကြီးကျန်ပါသေးတယ် ... အဲ့လိုဖြစ်ရင်တော့ ဒီလိုဖြေရှင်းလိုက်ပါ ...


အဲ့လိုဖြစ်ရတဲ့အကြောင်းက မိမိက ပထမတစ်ခေါက်က Apks & Games ကို Patched လုပ်ပီးသုံးထားတာဖြစ်တဲ့အတွက်
အဲ့ Patch ဖိုင်က ဖုန်း storage ထဲမှရှိနေလို့ဖြစ်ရတာပါ ... အဲ့ဖိုင်ကို ဖျက်ပေးမှာ Install လုပ်လို့ရမှာပါဗျ ...

Hidden content

Root Explorer >> data >> app ထဲကိုသွားပါ ...
ပီရင် စာရွက်ပုံ အပေါ်ထောင့်မှာအခေါက်လေးနဲ့ com.-------.-------.odex ဖိုင်ကိုရှာပါ ...
{မှတ်ချက် - မိမိစက်မှာ Patch လုပ်ပီး သွင်းထားတဲ့ apks & games မှန်းသမျှ အဲ့ထဲမှာ com.-----.-----.odex ဖိုင်အနေနဲ့ရှိနေပါမယ် ...}

အခုကျွန်တော်က Earn To Die ဂိမ်းကို Install လုပ်မရလို့ အရင်သွင်းထားတုန်းက Patch ဖိုင်ကိုရှာတာပါ ...
com.notdoppler.earntodie-1.odex ဖိုင်ကိုတွေ့ပါမယ် ... ဘေးအကွက်လေးမှာ အမှန်ခြစ်တပ်ပီ အောက်ဘက်မှာ အမှိုက်ပုံး ပုံလေးကိုနှိပ်ပီ Delete လုပ်ပါ ...





ပီရင် ခုနက Out of Space ဖြစ်နေတဲ့ Earn To Die ဂိမ်းကို Install လုပ်ကြည့်ပါ ... အဆင်ပြေပြေနဲ့ ဖုန်းထဲကို Install လုပ်ပေးသွားပါလိမ့်မယ်ဗျ ...

{မှတ်ချက် - Out of Sapce ဖြစ်တဲ့အခါတိုင်း အခုလိုဘဲ ဖြစ်ရမယ်လို့မဆိုလိုဘူးနော် ...}
အားလုံးအဆင်ပြေကြပါစေခင်ဗျာ ...

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar