Ref - INTERNET JOURNAL
Apple သည် ဈေးနှုန်းချိုသာသည့် 8GB iPhone 5C ကို ထုတ်လုပ် ဖြန့်ချိလိုက်ပြီ ဖြစ်ပြီး ၎င်းကို ယခုအခါ ဗြိတိန်၊ သြစကြေးလျနှင့် တရုတ်စသည့် Apple Store များတွင် စတင် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ iPhone 5C 8GB ကို ဗြိတိန်တွင် အော်ပရေတာ ကုမ္ပဏီ O2 ထံမှ စာချူပ်ဖြင့် ပေါင် ၅၀ မှ ပေါင် ၁၀၀ ကြား (ဒေါ်လာ ၈၃ မှ ဒေါ်လာ ၁၆၆ ကြား အခွန်ကောက်ခံပြီး) နှုန်းထားဖြင့် ဝယ်ယူနိုင်မည်ဟု သိရသည်။ အချို့သော နိုင်ငံများတွင် လက်လီဈေး အမေရိကန်ဒေါ်လာ ၄၉၉ ခန့်ကျသင့်ဖွယ်ရှိသည်။ iPhone 5C တွင် ဖုန်း၏ သိုလှောင်နိုင်စွမ်းကို လျော့ချထားပြီး ပြီးခဲ့သည့် အောက်တိုဘာလ၌ ပြသခဲ့ သည့် iPhone 5C နှင့် hardware ပိုင်းလည်း တူညီသည်။ ၎င်းတွင် ၄ လက်မ Retina display, Apple ၏ A6 ပရိုဆက်ဆာ နှင့် 8 megapixel ကင်မရာတို့ ပါဝင်ကြောင်း သိရှိရသည်။
Apple သည် iOS ထုတ်ကုန်များကို storage များပြောင်းလဲခဲ့ခြင်းသည် လုပ်ရိုးလုပ်စဉ် မဟုတ်သလို ကုမ္ပဏီအနေဖြင့်လည်း စမတ်ဖုန်းများတွင် ဓာတ်ပုံ၊ သီချင်းနှင့် app များထည့်နိုင်အောင် အမြဲနေရာ ပေးလေ့ရှိသည်။
ဈေးနှုန်းချိုသာသော iPhone 5C ကို မိတ်ဆက်ပေးမှုသည် Apple ၏ အလတ်တန်းစား စမတ်ဖုန်းများ မျှော်မှန်းထား သလောက် မရောင်းချနိုင်ခြင်း ကို ပြောင်းလဲနိုင်ဖွယ် ရှိကြောင်း သိရသည်။
Ref: TheVerge
- iOS 8.1.2 ကို Jailbreak ပြုလုပ်နိင်သော TaiG Jailbreak Tool ဗားရှင်းအသစ်ထွက်ရှိလာ
- Evasi0n7 Jailbreak Tool ဗားရှင်းအသစ် Evasi0n7 v1.0.8
- evasi0n 7 v1.0.7 Update On 3/2/2014
- လက်ရှိနောက်ဆုံးထွက်iOS 7.0.6ကိုJailbreakလုပ်နိုင်သောevasi0n 1.0.6
- evasi0n7 - iOS 7.x Jailbreak v 1.0.5 Latest Update..
- evasi0n iOS 7.x Jailbreak Tool v1.0.4
- Evasion 7 v1.0.3 Update Version
- Untether Jailbreak for iOS 6.1.3~6.1.5 v1.0.7 Update Version
- iOS 6.1.3~6.1.5 တို့ကို Jailbreak လုပ်နိုင်သော p0sixspwn Tool v1.0.5 Update ထွက်ရှိ
- iOS 6.1.3 , 6.1.4 & 6.1.5 Untethered Jailbreak Toolထွက်ရှိ
- Evasi0n v1.0.2 Beta Version
- Evasi0n 7 1.0.1 ( Jailbreak 7.0.4 UnTethered )
Post a Comment