Thursday, February 20, 2014
Note III မှာS-view cover ဓတ်ပုံချိန်းချင်သူများအတွက်ပြုလုပ်ပုံအဆင့်ဆင့်
ပိုစ့်ရေးသားသူ - Ko Kyawthettu (MYANMAR GALAXY NOTE III USER GROUP)
၁။ ပြင်ဆင်ပီးသား sviewcoverservice.apk ကိုအရင်ဒေါင်းလိုက်ပါ ။ Download Here
၂။ မိမိထည့်ချင်တဲ့ wallpaper ကို resolution 1002x954 pixel ထားပီး ဒီနာမည်ပြောင်းထားပေးပါ ။ mainbg_pattern_mainarea.png
၃။ ဒေါင်းထားတဲ့ sviewcoverservice.apk ကို 7zip နဲ့ open archive ဆိုပီးဖွင့်လိုက်ပါ ။
၎။ အဲဒီနောက် res/drawable-sw360dp-xxhdpi ဆိုတဲ့ဖိုဒါဆီရောက်အောင်သွားပါ ။
၅။ အဲဒီဖိုဒါထဲ ကို အပေါ်က လုပ်ထားတဲ့ wallpaper ကို drag ဆွဲထည့်လိုက်ပါ ။ ပီးရင် ပိတ်လိုက်ပါ ။ အဲဒါဆို sviewcoverservice.apk ထဲမှာပုံပြောင်းပီးသားဖြစ်သွားပါဘီ ။
၆။ အဲဒါပြီးရင် ဖုန်းထဲကတနေရာရာကို ပုံပြောင်းထားတဲ့ sviewcoverservice.apk ကိုကော်ပီကူးလိုက်ပါ ။ အဲဒီနောက် အဲဒီ apk ကို root explorer သုံးပီး system/app အောက်ကို ကော်ပီကူးထည့်ပေးပါ ။ အဲဒီနောက် permission ကို r-w-r-r ပြောင်းပေးပါ ။
၇။ ပီးရင် ဖုန်းကို ရီဘု လုပ်ပေးပါ ။ ပြီးပါဘီကွယ်
မှတ်ချက် ။ ။ မိမိဖုန်းရဲ့ system/app အောက်မှာရှိတဲ့ မူလ sviewcoverservice.apk ကိုတနေရာကို ကော်ပီအရင်ကူးထားပေးပါ ဒါမှမဟုတ် .bak ဆိုပီးextension ချိန်းထားပေးပါ ။ တခုခုသော်၎င်း မူလဟာပြန်ထည့်ချင်ရင်သော်၎င်း ပြန်ထည့်လို့ရအောင်ပါ ။
Credit To - MYANMAR GALAXY NOTE III USER GROUP
Subscribe to:
Post Comments
(
Atom
)
Post a Comment