Latest Updates

Tuesday, January 21, 2014

Screen အရွယ်အစား ကြီးမားသည့် iPhone 6 နှစ်မျိုးကို ဇွန်လတွင် တွေ့မြင်ရဖွယ်ရှိ


Apple ၏ iPone 6 သည် အရွယ်ကြီးမားသော screen နှစ်မျိုးဖြင့် ထွက်ရှိလာဖွယ်ရှိပြီး ၎င်းကို ဇွန်လတွင် မိတ်ဆက်ပြသသွားဖွယ် ရှိကြောင်း တရုတ်နိုင်ငံမှ လေ့လာဆန်းစစ်သူ Sun Changxu ၏ ဖော်ပြချက်ကို Apple insider က ပြန်လည် ဖော်ပြချက်အရသည်။

ChangXu ၏ ပြောကြားချက်အရ iPhone 6 ကို ၄.၇ လက်မအရွယ်ရှိ 1,136 pixel x 640 pixel display ဖြင့် စတင် ထုတ်လုပ်သွားဖွယ်ရှိပြီး နောက်ပိုင်းတွင် resolution မြင့်မားသည့် ၅.၇ လက်မ display ဖြင့် ထုတ်လုပ်သွားဖွယ်ရှိကြောင်း သိရသည်။

သတင်းများအရ Apple သည် ၎င်းတို့၏ စမတ်ဖုန်း အသစ်ကို ဇွန်လတွင် ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ Developer များ ဆွေးနွေးပွဲတွင် ထုတ်ဖော်ပြသသွားဖွယ် ရှိနေသည်။ အခြား သတင်းရင်းမြစ်များကလည်း Apple ၏ အသစ်ထွက်ရှိလာမည့် iPhone သည် ကြီးမားသော အရွယ်အစား ရှိကြောင်း ခန့်မှန်းထားကြပြီး screen အရွယ် ၅.၇ လက်မမှ ၆ လက်မအထိ ရှိနိုင်ကြောင်း ဖော်ပြခဲ့ကြသည်။

Ref: CNET & INTERENET JOURNAL

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar