Latest Updates

PC Software

Mobile Knowledge

Mobile News

Thursday, January 23, 2014

အမေရိကန် HP ရဲ့  အဆင့်မြင့် စမတ်ဖုန်း ထွက်ရှိ


HP ကို အများစုက ကွန်ပြူတာ ထုတ်လုပ်တဲ့ ကုမ္မဏီလို့ပဲ လူသိများတာ ဖြစ် ပါတယ်။ အမှန်တော့ သူက စမတ်ဖုန်းလည်း ထုတ်လုပ်ပါတယ်။ ယခု အသစ်ထုတ်လိုက်တဲ့ ဖုန်းက ဒီဇိုင်းပိုင်းမှာ ပြောစရာ မရှိလောက်အောင် သားနားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဘေးအနားနဲ့ ကင်မရာ ပတ်လည်ကို ရွှေရောင် ရောစပ် အလွှာခံပေး ထားခြင်း ကြောင့် ဇိမ်ခံပစ္စည်း Luxury smartphone ကို ထင်ဟက်စေ ပါတယ်။ အရွယ် ၆ လက်မ စမတ်ဖုန်းနဲ့ ၇ လက်မ Tablet ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ၆ လက်မ စမတ်ဖုန်း ရဲ့  မျက်နှာပြင် အရည်အသွေးက 1280×720 IPS ဖြစ်ပါတယ်။ 5 Megapixel ကင်မရာ အနောက်မှာ ပါပြီး ရှေ့ ကင်မရာက 2 Megapixel ရှိပါတယ်။ ၇ လက်မ Tablet ကလည်း မျက်နှာပြင် အရည်အသွေး 1280×800 IPS ရှိပြီး 5 MP တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ Front Facing Stero Speaker ကို ၂ ခုစလုံးက တပ်ဆင်ထားပါတယ်။
၆ လက်မ စမတ်ဖုန်းက 9mm ထက်ပါးပြီး ၇ လက်မ Tablet က 9.5mm ထက် ပါးပါတယ်။ ဒီတော့ ကမ္ဘာ့ ပါးလွှာ စမတ်ဖုန်း တစ်မျိုးပါပဲ။ Android 4.2 Jelly Bean OS ကို အသုံးပြုထားပါတယ်။ အတွင်းက Specification တွေ ကိုတော့ ဝဘ်ဆိုဒ်တွေမှာ မဖော်ပြသေးပါဘူး။ အိန္ဒိယ နိုင်ငံမှာ ဖြန့်ချိရောင်းချနေပြီ ဖြစ်ပါတယ်။ ဈေးလည်း အသင့်တင့် ရှိကြောင်း ဆိုပါတယ်။ HP က ထုတ်တဲ့ Phablet နဲ့ Tablet ဖြစ်တာကြောင့် စိတ်ဝင်စားသူ များမှာပါ။ ကမ္ဘာ့ဈေးကွက်ကိုလည်း မကြာမီ ဖြန့်ချိ တော့ မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
Ref:Smart Pro Journal

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar