Latest Updates

PC Software

Mobile Knowledge

Mobile News

Wednesday, January 22, 2014

တယ်လီနောက ၁ မိနစ်ကို ၂၅ ကျပ်နှုန်းဖြင့် ၀န်ဆောင်မှုပေးမည်


မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ဖို့အတွက် တင်ဒါအောင်မြင်
ခဲ့ တဲ့ တယ်လီနော် ဆက်သွယ်ရေးကုမ္ပဏီက တယ်လီဖုန်းဆင်းကတ် ၁ မိနစ်ဖုန်းခေါ်ဆိုခကို ၂၅ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ၀န်ဆောင်မှုပေးသွား မယ်လို့ ပြောပါတယ်။

မိနစ်ကို တယ်လီဖုန်းခေါ်ဆိုခဟာ လက်ရှိ ၅၀ ကျပ်ထက် ကျသင့်နေပြီး တယ်လီနော ကုမ္ပဏီက တ၀က်နှုန်း လျော့ချတဲ့နှုန်းနဲ့ ၀န်ဆောင်မှု ပေး
မယ် လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆင်းကတ်ကိုလည်း အစိုးရက လက်ရှိကာလမှာ မဲဖောက်ပေးနေတဲ့ ၁၅၀၀ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

အစိုးရက ပြည်တွင်းမှာ ဆက်သွယ်ရေးစနစ်တွေ ပိုမိုကောင်းမွန်စေဖို့အ
တွက် ပြည်ပနိုင်ငံ တွေက ဆက်သွယ်ရေး ကုမ္ပဏီကြီးတွေကို တင်ဒါဖိတ် ခေါ်ပြီး စိစစ်ရွေးချယ်ခဲ့ရာမှာ တယ်လီနော် နဲ့ အော်ရီးဒူး ဆက်သွယ်ရေး ကုမ္ပဏီကြီး တွေက တင်ဒါအောင်မြင်ခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဒီကုမ္ပဏီကြီးတွေအနေနဲ့ ပြည်တွင်းမှာ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ၀န်ဆောင်မှုပေးဖို့အတွက် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် မရရှိသေးပါဘူး။

ဒါကြောင့် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီအနေနဲ့ လုပ်ငန်းလိုင်စင်
ရရှိပြီး မှသာ ဆက်သွယ်ရေးလုပ်ငန်းတွေကို ၀န်ဆောင်မှု ပေးနိုင်မှာဖြစ် ကြောင်း တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါ်မွန်မြတ်သူက ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ပြောထားတာက ၁၅၀၀ ထက်မများတဲ့ ဈေးနှုန်းနဲ့ ဆင်းကတ်တွေ ရောင်းချပေး မယ်ဆိုပြီး ထည့်ထားပါတယ်။ တကယ်တမ်းဈေးနှုန်းကတော့ လည်ပတ်တဲ့အချိန်ကျမှပဲ သိရပါမယ်။ အခုက ထုတ်ဖော်ပြလို့ မရသေးတဲ့ အတွက်ပါ။ ဘယ်အချိန်စမလဲဆိုတော့ တရားဝင် ဆက်သွယ်ရေးလိုင်စင် ရပြီးတော့ ၈ လအတွင်းမှာ ဖြစ်ပါလိမ့်မယ်။ အခုလောလောဆယ်မှာ ဆက်သွယ်ရေးလိုင်စင်အတွက် နောက်ဆုံး ဆွေးနွေးနေဆဲ ဖြစ်ပါလိမ့်မယ်။”

Source: Today Myanmar
Powered by >> www.myanmarcutegirl.com <<

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar