- iOS 8.1.2 ကို Jailbreak ပြုလုပ်နိင်သော TaiG Jailbreak Tool ဗားရှင်းအသစ်ထွက်ရှိလာ
- Evasi0n7 Jailbreak Tool ဗားရှင်းအသစ် Evasi0n7 v1.0.8
- evasi0n 7 v1.0.7 Update On 3/2/2014
- လက်ရှိနောက်ဆုံးထွက်iOS 7.0.6ကိုJailbreakလုပ်နိုင်သောevasi0n 1.0.6
- evasi0n7 - iOS 7.x Jailbreak v 1.0.5 Latest Update..
- evasi0n iOS 7.x Jailbreak Tool v1.0.4
- Evasion 7 v1.0.3 Update Version
- Untether Jailbreak for iOS 6.1.3~6.1.5 v1.0.7 Update Version
- iOS 6.1.3~6.1.5 တို့ကို Jailbreak လုပ်နိုင်သော p0sixspwn Tool v1.0.5 Update ထွက်ရှိ
- iOS 6.1.3 , 6.1.4 & 6.1.5 Untethered Jailbreak Toolထွက်ရှိ
- Evasi0n v1.0.2 Beta Version
- Evasi0n 7 1.0.1 ( Jailbreak 7.0.4 UnTethered )
Tuesday, December 24, 2013
Mobile Money ဖြင့် ငွေပေးချေခြင်းကို စတင်ပြုလုပ်နိုင်
Myanmar Mobile Money ဝန်ဆောင်မှုဖြင့် မိမိ၏မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေပေးချေခြင်း၊ ငွေလွှဲပြောင်းခြင်းများကို
ယခုလ ၁၈ ရက်နေ့မှစတင်၍ ပြုလုပ်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း အဆိုပါဝန် ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။
Mobile Money ဝန်ဆောင်မှုကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လက်ရှိအချိန်တွင် Agent ပေါင်း ရာဂဏန်းနှင့် ချိတ်ဆက်ထားပြီး လာမည့်
၃ လကြာကာလအတွင်း နိုင်ငံအတွင်း၌ Agent ပေါင်း ထောင်ဂဏန်းနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည်ဟု သိရသည်။
“Agent တွေက တစ်မြို့နယ်မှာ ၂ ယောက် ၃ ယောက်ရှိနေမှာ။ ၂၀၁၄ ခုနှစ်ဆိုရင် Agent တွေက သောင်းဂဏန်းလောက်အထိ ဖြစ်လာလိမ့်မယ်။
မြန်မာနိုင်ငံမှာ ဘဏ်ပေါင်းက အလွန်ဆုံးရှိ ၆၀၀၊ ၇၀၀ ပဲ။ Agent တွေက ဘဏ်ခွဲလေးတွေလို ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးနေမှာ။
သူတို့တွေကိုလည်း အခုဆိုရင် လေ့ကျင့်သင်ကြားပေးခဲ့တာ ၅ ကြိမ်လောက်အထိ ရှိသွားပြီ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
Myanmar Mobile Money ကို အသုံးပြုလိုပါက Application အနေဖြင့်သော်လည်းကောင်း၊ SMS အနေဖြင့်သော်လည်းကောင်း၊
USSD အနေဖြင့်သော်လည်းကောင်း အသုံးပြုနိုင်ပြီး စတင်အသုံးပြုမည်ဆိုပါက နီးစပ်ရာ Agent တစ်ခုခုနှင့် ဆက်သွယ်၍ Myanmar Mobile Money ဝန်ဆောင်မှုနှင့်
ချိတ်ဆက်ထားသည့် အင်းဝဘဏ်၌ ငွေစာရင်းဖွင့်လှစ်ထားရန် လိုအပ်ကြောင်း သိရသည်။
“အင်းဝဘဏ်နှင့် ပူးပေါင်းပြီးပြီ။ အခု ယူနိုက်တက်အမရဘဏ်နဲ့ ချိတ်ဆက်နေတယ်။ အခြားဘဏ် ၃ ခုလောက်ကိုလည်း နောက်လထဲမှာ ချိတ်ဆက်သွားဖို့ရှိတယ်။
စတိုးဆိုင်တွေဆိုရင်လည်း ရန်ကုန်မှာ ၁၀ ဂဏန်းလောက်ပဲ ရှိသေးတယ်။
နောက်လတွေထဲမှာ City Mart လိုမျိုး စူပါမားကတ်တွေ အပါအဝင် စတိုးဆိုင်တွေအကုန်လုံးကို ချိတ်ဆက်သွားမယ်” ဟု ၎င်းက ပြောသည်။
ဘဏ်ဝန်ဆောင်မှုနှင့် ဝေးကွာ နေသူများအတွက် မိုဘိုင်းဖုန်းဖြင့် ဘဏ်ဝန်ဆောင်မှုများအတိုင်း ပြုလုပ်ဆောင်ရွက်နိုင်ရန် လုပ်ကိုင် ဆောင်ရွက်ထားခြင်းဖြစ်ပြီး
အဆိုပါစနစ်ကို အသုံးပြု၍ အသေးစားချေးငွေလုပ်ငန်းများ၊ မိုဘိုင်းဖုန်း ဘီလ်ဖြည့်သွင်းခြင်းများနှင့် အခြားသော ငွေကြေးလွှဲပြောင်းလုပ်ကိုင်ခြင်းကို ဆောင်ရွက်နိုင်မည်ဟု သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အပါအဝင် MEC Tel တို့နှင့် ပူးပေါင်းဆောင်ရွက်ထားသည့် Mobile Money ဝန်ဆောင်မှုသည် သာမန်ဈေးနှုန်းနိမ့် မိုဘိုင်းဖုန်းများအပြင်
Android မိုဘိုင်းဖုန်းများအားလုံး၌ အသုံးပြုနိုင်ပြီး iOS ဖုန်းများကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ၌ စတင်အသုံးပြုနိုင်မည်ဖြစ်သည်။
ဝန်ဆောင်ခများအနေဖြင့် မှတ်ပုံတင်ကြေး ၅၀၀ ကျပ်ရှိပြီး လစဉ်ကြေးမှာ ၂ ထောင်ကျပ်ဖြစ် သည်။
ငွေကြေးလွှဲပြောင်းမည်ဆို ပါက ၁ ထောင်ကျပ်မှ ၅ သောင်းကျပ်အတွင်း ၈၀ ကျပ် ကောက်ခံပြီး
ငွေကြေးထုတ်ယူမည်ဆိုပါက ၁ ထောင်ကျပ်မှ ၅ သောင်းကျပ်အတွင်း ၁၂၀ ကျပ် ကျသင့်မည်ဖြစ် သည်။
“ငွေလွှဲတာတွေ လက်ခံတာတွေက ပမာဏပေါ်မူတည်ပြီးတော့ ကောက်ခံတာပါ။ တစ်ဦးတစ်ယောက်အနေနဲ့ တစ်ရက်ကို ငွေကျပ် ၁၀ သိန်းအထိ အလွှဲအပြောင်း လုပ်လို့ရပါတယ်။
ဒီအတွက်တော့ နှစ်ဦးစလုံးမှာ Mobile Money အကောင့်ရှိနေဖို့လိုတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ “သူတို့က Group Payment ရမယ်လို့ပြောထားတာရှိတယ်။
လွယ်လွယ်ကူကူအချိန်မရွေး အသုံးပြုနိုင်တာက အရမ်းကောင်းနေတယ်။ ဒါပေမဲ့ အခက်အခဲက Agent တွေအတွက်ဖြစ်နေတယ်။
ငွေပေါင်ကို သိန်း ၅၀ ပေးရမယ်ဆိုတာ ဆိုင်တိုင်းအတွက် အဆင်မပြေနိုင်ဘူး။ နောက်ပြီး Cross Banking စနစ်က အဆင်မပြေသေးဘူး” ဟု
Mobile Banking စနစ်နှင့် ပတ်သက်၍ နည်းပညာသမားတစ်ဦးဖြစ်သူ ကိုစည်သူလှိုင်က သုံးသပ်သည်။
မြင့်ကျော်လှိုင်
Credit: INTERENT JOURNAL
Subscribe to:
Post Comments
(
Atom
)
Post a Comment