Latest Updates

PC Software

Mobile Knowledge

Mobile News

Monday, December 16, 2013

ကုမ္ပဏီ၏ ပထမဦးဆုံး 64-bit မိုဘိုင်း ပရိုဆက်ဆာကို Qualcomm ထုတ်လုပ်မည်

Qualcomm သည် 64-bit မိုဘိုင်းပရိုဆက်ဆာ Snapdragon 410 ကို တန်ဖိုးနည်း 4G ထုတ်ကုန်များတွင် အသုံးပြုနိုင်ရန် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Qualcomm အနေဖြင့် ဒေါ်လာ ၁၅၀ ထက် သက်သာသော 4G ထုတ်ကုန်များတွင်လည်း Snapdragon 410 ကိုအသုံးပြုသွားရန် ရည်မှန်းထားသည်။ ၎င်း ပရိုဆက်ဆာကို တရုတ်နှင့် အခြား ဈေးကွက်များတွင် အဓိက အသုံးပြုရန် အာရုံစိုက်သွားမည် ဖြစ်ပြီး Qualcomm အနေဖြင့် မြောက်အမေရိက နှင့် အနောက်ဥရောပ တို့၏ ဈေးကွက် ပြင်ပတွင် အောင်မြင်မှုရရန် မျှော်လင့်လျက်ရှိသည်။

Snapdragon 410 သည် Snapdragon 400 ကဲ့သို့ပင် 1080p video playback နှင့် 13 megapixel ကင်မရာတို့ကို အသုံးပြုနိုင်ကာ GPU ကိုမူ Adreno 305 မှ 306 သို့အနည်းငယ် တိုးမြှင့်ထားသည်။ Moto G တွင် Snapdragon 410 အသုံးပြုထားရာ စွမ်းဆောင်ရည် အလွန်ကောင်းမွန်သည်ကို တွေ့ရှိကြပြီး 4G တွင် တပ်ဆင်ထားသည့် ဆန်းသစ်မှုများကို နေရာအနှံ့ရှိ တန်ဖိုးနည်းဖုန်း စိတ်ဝင်စားသူ များပြားလာဖွယ် ရှိနေသည်။

စမ်းသပ်ထုတ်လုပ်ထားသော ပရိုဆက်ဆာများကို ကုမ္ပဏီများသို့ ၂၀၁၄ ခုနှစ် အစောပိုင်းတွင် ပေးပို့သွားမည်ဖြစ်ပြီး နှစ်လယ်ပိုင်းတွင် စတင်ရောင်းချ သွားမည်ဖြစ်သည်။ ထို့အပြင် Snapdragon 410 သည် Qualcomm ၏ မိုဘိုင်းချစ်ပ်များအတွက် ဆန်းသစ်သော ပထမ ခြေလှမ်း ဖြစ်လာမည် ဖြစ်သည်။

Ref : TheVerg & INTERNET Journal

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar