Latest Updates

PC Software

Mobile Knowledge

Mobile News

Tuesday, September 10, 2013

Phone၀ယ်ဖို့ရွေးရခက်နေလား?PhoneRocketမှာရွေးပါ။


AppleလားAndroidလား? အဖြူလားအမည်းလား?စသဖြင့်Phoneတစ်လုံးဝယ်တော့မယ်ဆိုရင်
ဒါတွေကို စဉ်းစားရပါပြီ။ Phone ၀ယ်ချင်သူအများစုက Phone အကြောင်းကိုနားမလည်ကြပါဘူး။အဲဒီအခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ PhoneRocket ဆိုတဲ့ Free Web Service တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်။PhoneRocket က Android, iOS,  BlackBerry OS စတဲ့ Phone တွေကို နှိုင်းယှဉ်ပြနိုင်ပြီးသင်လို ချင်တဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ Phone ကိုအလွယ်တကူရွေးချယ်ဝယ်ယူနိုင်မှာပါ။  Physical Specificatiion, Price Information, Performance Tests,Reviews တွေ အလိုက်ခွဲခြားနှိုင်းယှဉ်ပြီး အလွယ်တကူရှာဖွေနိုင်မယ်လို့   PhoneRocket ကပြောပါတယ်။PhoneRocket ရဲ့  Home Page မှာ Phone နှစ်ခုကို Head-To-Head နှိုင်းယှဉ်ဖို့  Interface  ပြုလုပ်ထားပါတယ်။Pricing Information အပါအ၀င် Battery Life, Camera, Screen, Storage, RAM, Critics Rating တွေကို နှိုင်းယှဉ်ဖော်ပြပေးပါလိမ့်မယ်။
 Tables, Statistics, Spec Sheets, Prices and Reviews စတာတွေကို အသုံးပြုပြီး Comparison Results ကို လူတွေ နားလည်လွယ်အောင် ဖော်ပြပေးနိုင်ပါတယ်။Visual Comparison ပြုလုပ်ဖို့  ပုံတွေကို အကြီးချဲ့ ကြည့်နိုင်ပါတယ်။Phone တစ်ခုချင်းစီရဲ့  Overall Rating ကို သတ်မှတ်ပေးထားပြီး အမြင့်ဆုံး အမှတ်က 10 ဖြစ်ပါတယ်။
 Web Page အောက်ကို ဆင်းကြည့်မယ်ဆိုရင် Testing Application တွေဖြစ်တဲ့ Geekbench, Passmark, AnTuTu 3D and Sunspider စတာတွေ ရဲ့  Benchmark လုပ်ထားတဲ့ သုံးသပ်ချက်တွေကို တွေ့ မြင်နိုင်ပါတယ်။Phone တစ်ခု ရဲ့  အခြားတစ်ခုအပေါ်အားသာချက် အားနည်းချက် တွေကို အပြန်အလှန်အားဖြင့် ပြသပေးနိုင်ပါသေးတယ်။
Phone တွေကို တကယ်ဝယ်ယူတော့မယ် ဆိုရင် အဓိကစဉ်းစားရတဲ့  အချက်တွေ ဖြစ်တဲ့ Performance, Graphics, Battery Life and Third-Party Reviews စတာတွေ အပေါ်မူတည်ပြီး Review Panel မှာ အမှတ်တွေ သတ်မှတ်ပေးထားပါတယ်။ဒါ့အပြင် ဈေးနှုန်းအရ ဘယ် Phone ကို ရွေးချယ်သင့်တယ်ဆိုတာကိုလည်း အမှတ်တွေ ပေးပြီးပြသပေးပါတယ်။
 PhoneRocket ရဲ့  Main Page မှာလည်း ကွဲပြားတဲ့စွမ်းဆောင်ရည်တွေ အလိုက်ဘယ် Phone တွေ ကအကောင်းဆုံးလဲဆိုတာကို ပြသပေးထားပါတယ်။Most Processing Power, Fastest Web Browsing, Longest Battery Life, Highest 2D and 3D Graphics Performance, Best Value စတဲ့ စွမ်းဆောင်ရည်တွေ အလိုက်အကောင်းဆုံးတွေကို ရွေးချယ်ပေးထားတာပါ။
 Phone ၀ယ်ဖို့ ရွေးရချက်နေရင်တော့ PhoneRocket မှာ သင့် လို အပ်ချက်နဲ့ ကိုက်ညီမယ့် Phone တွေကို အလွယ်တကူရွေးချယ်ဝယ်ယူနိုင်မှာပါ။
Visit PhoneRocket
Ref&Credit:aungkyaw.net

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar