Latest Updates

PC Software

Mobile Knowledge

Mobile News

Monday, September 9, 2013

Nokia မှအသစ်ထွက်လာမည့်ဖုန်းများတွင် Android OS အသုံးပြုတော့မည်ဟုဆို


Nokia မှအသစ်ထွက်လာမည့်ဖုန်းများတွင် Android OS အသုံးပြုတော့မည်ဟုဆိုNokia ရဲ့ Mobile ဌာနကို Microsoft က၀ယ်ယူပြီးတဲ့နောက်မှာထွက်ပေါ် လာတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်။

Nokia ရဲ့ အာရှ နဲ့ ပစိဖိတ် ဌာနခွဲ CEO ကိုယ်တိုင်က News Asia ရုပ်သံအစီအစဉ်မှာပြောကြားခဲ့တာလည်းဖြစ် ပါတယ်။ နောက်ထက်ထုတ်မယ့် Nokia ဖုန်းကို Newkia လို့ နာမည် ပေး ပြီး OS ကို Android ပြောင်းသုံးမယ်လို့ သူကပြောခဲ့ တာပါ။ လက်ရှိမှာလည်း Androidသုံးနေတဲ့ဖုန်းတွေကအတော် ကို ရောင်း ကောင်း နေတော့ Nokia ကလည်း Badget အနေအထားအ ရဈေးကွက်ကြိုက်မယ့်ဖုန်းကို ထူတ်ရပြီပေါ့။ Android ကို 4.4(Kit Kat) Version သုံးမယ်လို့သတင်းထွက်နေပြီး Processor ကိုအကောင်းဆုံး 2 GHz Quad Core အမြန်နှုန်းရှိတဲ့ Snapdragon S4 Pro Processor ကိုအသုံးပြုပေးထားမှာပါ။ မျက်နှာပြင်ကိုလည်း Full HD ထောက်ပံ့ပေးထားတဲ့ ၅ လက်မ Super LCD3 နည်းပညာသုံးမျက်နှာပြင်ကိုသုံးပေးထားမှာပါ။ Nokia ရဲ့ အကြမ်းခံ မှုကိုလည်းကြိုက် Android ကိုလည်းလက်မလွှတ်ချင်သူတွေအတွက် တော့ကွက်တိပါပဲ။ အခုချိန်မှာ Android သုံးထားတဲ့Nokia ကိုပြန်ကိုင် မလားဆိုရင်တော့ ဘယ်လောက်ပဲ S4 ကြီးကောင်းနေပါစေ Newkia ကိုပြေးဝယ် မယ့်သူတွေ တန်းစိနေပါတယ်။ Android Version အသစ်နဲ့ ထွက်မယ် ဆိုတာကလည်း Nokia ကို Google ကပေးလိုက် တဲ့ အခွင့်အရေးတစ် ခုပါ။ဒီအခွင့်အရေးကို သာမိမိရရ Nokia ကအသုံးချလိုက်မယ်ဆိုရင်တော့ တစ်ချိန်တုံးက Smart Phone လောကရဲ့ ဘုရင်နေရာကိုပြန်ရောက်သွားဖို့ အလားအလာတွေအများကြီးရှိနေပါတယ်။
Shan Htet (SJ Admin Team)
Ref & Credit: Smart Pro Journal

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar