Latest Updates

PC Software

Mobile Knowledge

Mobile News

Monday, September 2, 2013

Lenovo Tab A2207A-H ကို Firmware ပြန်တင်ကြမယ်

Posted By:
ခုဖော်ပြမဲ့နည်းလမ်းလေးကတော့ lenovo tab A2207A-H ကို firmware ပြန်တင်နိုင်မဲ့ နည်းလမ်းလေးပါဖြစ်ပါတယ်။ တင်နည်းလေးကတော့ မခက်ပါဘူး ဒါပေမဲ့ အခြားအလုံးတွေ နဲ့ မတူပဲ နည်းနည်းလေး ကွဲပြားပါတယ်။ အထိက အနေနဲ့ကတော့ firmware ရရှိဖို့ နဲနဲခက်တာပါ။ ကွန်တော်ကိုယ်တိုင်တော်တော် လေး ရွာလည်ပြီးမှ ဒေါင်းလို့ရသွားတာပါ ။ သူငယ်ချင်းများအတွက်ကတော့ ဒေါင်းလို့ တန်းရနိုင်မဲ့ လင့်လေးကိုထည့်ပေးမှာပါ။ အရင်ဆုံး firmware လေးကို ဒေါင်းလုပ် လုပ်ထားလိုက်ပါခင်ဗျာ။

A2207A-H Firmware
ဒေါင်းလုပ်ပြီးသွားလို့ firmware zip ဖိုင်ကို password တောင်းရင်တော့ Password: bbs.lenovomobile.com ပါခင်ဗျာ။ ဒါပေမဲ့ ကျွန်တော်တင်ပေးထားတဲ့ firmware က password မပါပါဘူးခင်ဗျာ။
ပြီးရင်လိုအပ်မဲ့ Flash Tool နဲ့ Driver တွေကို ဒေါင်းပါ့မယ်ခင်ဗျာ။
Flash Tool
>> Download <<
USB VCOM Driver MTK6516 Driver
>> Download <<
LePhone Driver
>> Download <<
အာလုံးဒေါင်းလုပ်ဆွဲပြီးသွားရင်တော့ Firmware တင်ဖို့ လုပ်ကြမယ်ခင်ဗျာ။
firmware ဖိုင်ကို zip ဖြည်လိုက်ရင် အထဲမှာ သုံးဖိုင်ပါ ပါတယ် ။ အဲဒီသုံးဖိုင်လုံးကို extrect file နေနဲ့ဖြည်ထားပါ။
 အရင်ဆုံး ကွန်ပျူကို Driver အရင်သွင်းပါ့မယ် Tab ကို ပါဝါဖွင့်ထားပြီး နောက်က အဖုံးလေးကို ခွာထားပါ။ 
ပြီးရင် အ၀ိုင်းလေးအလည်က reset လေးကို ထိုးပေးပြီးကွန်ပျူတာနဲ့ချိတ်ပါ။ အရင်ဆုံး mtk 6516driver ကို install လုပ်ပါ။ ပြီးရင် ကြိုးကိုပြန်ဖြုတ်လိုက်ပါ။ပြီးရင် Vol up ကိုဖိထားပြီး  ပြန်တပ်ပါ။ USB VCOM Driver MTK6516 Driver install လုပ်ပါ။ အဲဒါတွေ လုပ်ကြည့်လို့မှ အဆင်မပြေဘူးဆိုရင်တော့
LePhone driver  ကို Install လုပ်ပါ။ Driver install လုပ်တာအောင်မြင်သွားပြီဆိုရင်တော့ firmware တင်ဖို့ ပြင်ဆင်ပါ့မယ်။ Flash Tool ကို run လိုက်ပါ။ scatter-loading ဆိုတာလေးကိုနှိပ်ပြီး firware သုံးဖိုင်ထဲက target_bin_fat ထဲကtarget_bin ဖိုဒါထဲက MT6577_Android_scatter_emmc.txt ကိုရွေးပေးလိုက်ပါ။ပြီးရင် Flash Tool ရဲ့ ပေါ်နားလေးက DA DL ALL With Check Sum ဆိုတဲ့အမှတ်လေးကို ခြစ်ပေးထားပါ။ ပြီးရင်တော့ fimware->Upgrade ဆိုတာလေးကို နှိပ်ပါ ပြီးရင် tab ကို ကွန်ပျူတာနဲ့ချိတ်ပေးလိုက်ပါ။

firware ကိုမှန်မမှန်စစ်သွားပါလိမ့်မယ် ပြီးရင် ဆက်မတင်တော့ပဲရပ်နေပါလိမ့်မယ် မစိုးရိမ်ပါနဲ့ ကွန်ပျူတာနဲ့ချိတ်ထားတဲ့ကြိုးကို မဖြုတ်ပဲ Driver သွင်း စဉ်က ထိုးခဲ့တဲ့ reset အ၀ိုင်းလေးကို ထပ်ပြီး ထိုးပေးလိုက်ပါ။ သူဖာသာတင်သွားပါလိမ့်မယ် အနည်းငယ်တော့ ကြာပါတယ် ခင်ဗျာ သီးခံပြီး စောင့်ပေးပါလို့ ပြောပါရစေ ။ ၅ မိနစ်လောက်ပေါ့ အားလုံးပြီးသွားရင်တော့ အ၀ိုင်းလေးက စိမ်းသွားရင် flash tool ကိုပိတ်ပြီး ကြိုးဖြုတ်လိုက်ပါ။ tab ကို ပါဝါဖွင့်ပေးလိုက်ပါ။


အားလုံး အိုကေသွားပါလိမ့်မယ် ပထမဆုံး အကြိမ် firmware ပြန်တတ်တာ ကြာပါတယ် သီးခံပြီး စောင့်ပေးဖို့တော့လိုပါတယ် ခင်ဗျာ။ သူငယ်ငယ်ချင်းအားလုံး စိတ်ချလက်ချ တင်ကြည့်ပါခင်ဗျာ ကျွန်တော် ကိုယ်တိုင် နှစ်လုံး တင်ကြည့်ပြီးလို့ ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ ။ ဒီလောက်ဆိုရင်တော့ သူငယ်ချင်းအားလုံးအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ် ။ သူငယ်ချင်းအားလုံး ပျော်ရွင်ပါစေ။
Ref&Credit:PyayBlogger

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar