Latest Updates

PC Software

Mobile Knowledge

Mobile News

Sunday, September 22, 2013

iOS 7 နှင့် အဆင်ပြေစွာ နေထိုင်နည်း

iOS 7 ကို Jailbreak လုပ်လို့မရသေးတဲ့ အတွက် အဓိက အနေနဲ့ မြန်မာစာကို ရေးလို့ ဖတ်လို့ မရသေးတဲ့ အခက်အခဲ ရှိနေပါတယ်။ ဒါ့အပြင် သုံးနေကျ cracked App တွေကိုလည်း စွန့်လွှတ်လိုက်ကြရတဲ့ အတွက် Jailbreaker တော်တော်များများက iOS 7 ကို သုံးချင်ကြသော်လည်း update လုပ်ဖို့ကို ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် ဒါဟာ အရမ်းကြီး ဒွိဟဖြစ်ရမယ့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး Jailbreak မရသေးခင် အထိ iOS 7 ကို App အချို့နဲ့ အကောင်းဆုံး အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

ပထမဦးစွာ မြန်မာစာ အတွက်ဆိုရင်တော့ "Mogok Browser" "iMyanmar Pad" "Myanmar Browser Lite" "LikeBook" "MM News" "Sar" တို့ကို အသုံးပြုနိုင်ပါတယ်။

"Mogok" ကတော့ Free ရရှိနိုင်ပြီး စာရေးနိုင် ဖတ်နိုင်ပါတယ် Pro version ဆိုရင်တော့ ကြေငြာ banner တွေ အနှောက်ယှက်က ကင်းပါလိမ့်မယ်။ ဒါပေမယ့် "Mogok" မှာ မြန်မာစာရေးနေရင်းနဲ့ App က ပိတ်သွားတဲ့ ပြဿနာ ရှိနေပါတယ်။ သိပ်တော့ အဆင်မပြေလှပါ။

"iMyanmar Pad" နှင့် "Myanmar Browser Lite" ကတော့ မြန်မာစာ ဖတ်ရုံသာ ဖတ်နိုင်ပါလိမ့်မယ် Free version ဖြစ်ပါတယ်။

"MM News" မှာတော့ Hot ဖြစ်တဲ့ website, blog တွေကို RSS feed အနေနှင့် စုစည်းပေးထားပြီး မြန်မာလို ကောင်းစွာ ဖတ်ရှုနိုင်ပါတယ်။ (ကျွန်တော်ရဲ့ Blog ကိုလည်း အဲဒီထဲမှာ ဖတ်ရှုနိုင်ပါလိမ့်မယ်)။

"LikeBook" ကတော့ Facebook ကို မြန်မာလိုသုံးပြီး ရေးနိုင်ဖတ်နိုင်ဖို့ အထူးပြုလုပ်ထားတာ ဖြစ်ပြီး $2.99 နဲ့ Paid App ဖြစ်ပါတယ်။ "Mogok" App ရေးတဲ့ Mobidom က ထုတ်ထားတာဖြစ်ပြီး Facebook မှာ Post, comment တွေ ရေးရာမှာ "Mogok" ထက် ပိုမိုအဆင်ပြေတာကို တွေ့ရပါတယ်။ လောလောဆယ်တော့ ကျွန်တော် အကြိုက်တွေ့နေပါတယ်။
သို့သော်လည်း Myanmar keyboard မှာ "Enter" နှိပ်တဲ့ အခါမှာတော့ App ပိတ်သွားတတ်ပါတယ်။ ဒီတော့ Enter နှိပ်စရာရှိရင် English keyboard ပြောင်းသုံးရင်တော့ အဆင်ပြေပါတယ်။ အခြား ပြဿနာတော့ မတွေ့ရသေးပါဘူး။

"Sar" App ကတော့ မြန်မာလို note တွေ ရေးတဲ့ သူတွေအတွက် အလွန်အဆင်ပြေတဲ့ App တစ်ခု ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင် အလုပ်ထဲမှာ လမ်းမှာ Blog အတွက် ရေးစရာရှိရင် အမြဲသုံးရတဲ့ App တစ်ခုပါ။
Device, iCloud နှစ်မျိုးလုံးမှာ Save လုပ်နိုင်ပြီး Share, Air print feature တို့ပါဝင်ပါတယ်။ $1.99 နဲ့ရောင်းချတဲ့ "Paid App" ဖြစ်ပါတယ်။

အခြား ကျွန်တော် နှစ်သက်တဲ့ Myanmar App တွေကတော့

အဘိဓါန် အနေနဲ့ iAbidan, Ornagai, ShweYoe
Online Radio အနေနဲ့ 7OnlineRadio, SNC Online Radio (CityFM), MYMC Radio, Dhamma Radio
စာစောင် အနေနဲ့ voice Weekly, HotNews Journal, 7Day News Journal တို့ ဖြစ်ပါတယ်။

ဒါတွေကတော့ မြန်မာစာ ကိစ္စကို ယာယီဖြေရှင်းပေးနိုင်မယ့် App တွေပဲ ဖြစ်ပါတယ်။

********************************

Cracked App တွေကို သွင်းမရတော့လို့ စိတ်ညစ်သွားတဲ့ မိတ်ဆွေများကို လုံးဝ စိတ်မညစ်ဖို့ ပြောပါရစေ.. 

အဆင်ပြေပါစေ.................... 
ကျွန်တော် သိသလောက်လေးမို.အမှားများတွေရင်ခွင်.လွတ်ပေးပါခင်ဗျာ.....
မိုးထက်ယံ

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar