Latest Updates

PC Software

Mobile Knowledge

Mobile News

Thursday, August 29, 2013

Jailbreak ဖြစ်ရန်မလိုသော Plants vs Zombie 2 ကို လှည့်ဖျားနည်း(မိုးသိကြား)

Plants vs Zombies ကို စွဲလန်း နှစ်ခြိုက်သူများအတွက် စိတ်ကြိုက်ကစားလိုသူများအတွက် လှည့်စားချက်လေးတစ်ခုကို လိုချင်သူများ အတွက် တင်ပြပေးလိုက်ပါတယ်။ ယခုနည်းလမ်းကို အသုံးပြုဖို့အတွက် သင်၏ Device က Jailbreak ဖြစ်ဖို့မလိုပါဘူး..
အခုနည်းလမ်းက Plants vs Zombies 2 ၏ နောက်ဆုံးဗားရှင်း (1.2.2377...) မှာ အလုပ်လုပ်နိုင်ပါတယ်။ Hacking အတွက် လိုအပ်တဲ့ file ကို သွင်းယူရန် အတွက်တော့ PC မှာ iFunBox, iExplorer တစ်ခုခုကို အသုံးပြုပြီးမှ iDevice နှင့် ချိပ်ဆက်ပြီး သွင်းရမှာ ဖြစ်ပါတယ်။

**Downloads**

>> iFunBox
>> iExplorer
>> Plants vs Zombies hack file


လုပ်ငန်းစဉ် မစခင် "Plants vs Zombies 2" ကို device မှာ ဖွင့်ထားပါက ထွက်လိုက်ပါ (multitesking မှာပါ ပိတ်ပါ)။

  • အဆင့် ၁)
    ပထမဦးစွာ Download လုပ်ထားသော "PvsZ_2Hack.rar" file ကို Desktop တွင် ဖြည်ထားပါ။ "PvsZ_2Hack" folder အောက်တွင် "Library" folder ရလာပါမည် ထိုအထဲတွင် (Application Support, Caches, Preferences) sub folder များကို တွေ့ရပါမည်။

  • အဆင့် ၂)
    သင်၏ Device ကို PC နှင့် ချိပ်ဆက်၍ iFunBox (သို့) iExplorer ကို PC မှ ဖွင့်ပါ (ဤနေရာတွင် iFunBox အသုံးပြု၍ ပြသပေးပါမည်)


  • အဆင့် ၃)
    Desktop တွင် ဖြည်ထားသော "PvsZ_2Hack" folder ထဲမှ "Preferences" folder တွင်းရှိ "com.popcap" နှင့် "com.popcap.ios.PvZ2.plist" ကို COPY ကူးပါ။


  • အဆင့် ၄)
    iFunBox တွင် ( /var/mobile/Applications/PvZ 2/Library/Preferences/ ) လမ်းကြောင်းကို ရှာသွားပြီး "Preferences" ထဲသို့ PASTE လုပ်လိုက်ပါ။


  • အဆင့် ၅)
    နောက်တစ်ကြိမ် Desktop ရှိ "Application Support" folder ထဲမှ "No_Backup" folder ကိုဖွင့်ပြီး အတွင်းမှ file များအားလုံးကို COPY လုပ်ပါ။


  • အဆင့် ၆)
    iFunBox မှ ( /var/mobile/Applications/PvZ 2/Library/Application Support/No_Backup/ ) လမ်းကြောင်းကို ရှာသွားပြီး "No_Backup" ထဲသို့ PASTE လုပ်လိုက်ပါ။




အခုဆိုရင် File နှစ်ဆင့်စလုံးကို Replace လုပ်ပြီးသွားပြီဖြစ်လို့ Hack လုပ်ခြင်း အဆင့်များ အောင်မြင်ပါပြီ။ "Plants vs Zombies 2" ကို ပြန်လည်ဖွင့်ပြီး စိတ်ကြိုက် ကစားနိုင်ပါပြီ။

အတွင်းမှာ အသင့် ပြုပြင်ပြီးသား Profile များကို တွေ့ရပါလိမ့်မယ်၊ မိမိကစားလိုသော Profile မှာ အမည်စိတ်ကြိုက်ပြောင်း၍ ကစားနိုင်ပါပြီ...


Ref&Credit:မိုးသိကြား

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar