Latest Updates

PC Software

Mobile Knowledge

Mobile News

Friday, August 16, 2013

ဖုန်းတစ်လုံးရေထဲကျသွားသောအခါ ဆောင်ရန်ရှောင်ရန်အချက်များ


ဖုန်းတစ်လုံး ရေထဲကျသွားရင် ပျက်တာများပါတယ်။ အချို့ကျတော့လည်း ဆိုင်ပြန်မပို့ရဘဲ အလိုလို ပြန်ကောင်းသွားတယ် ဆိုပါတယ်။ သို့ပေမယ့် မိမိသုံးနေတဲ့ ဖုန်းတစ်လုံးသာ အကြောင်းအမျိုးမျိုးကြောင့် ရေထဲကျသွားရင် ဘာလုပ်ရမလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။
အိမ်မှာနေရင်း ဖုန်းက ရေထဲကျသွားတယ် ဆိုပါစို့။ ပေါက်ပေါက်ရှာရှာ အိမ်သာခွက်ထဲ ကျတဲ့သူတွေတောင် ကြုံဖူးပါတယ်။

ပါဝါမဖွင့်ရ

အဲဒီ့အချိန်မှာ လုံးဝ မလုပ်ရမယ့် အလုပ်က ပါဝါဖွင့်ခြင်း ဖြစ်ပါတယ်။ ဖုန်းရေထဲကျသွားပြီဆိုရင် ရေဘယ်လောက်ပဲ နစ်နစ်၊ ဘယ်လောက်ပဲ တိမ်တိမ်၊ နည်းနည်းပဲ စိမ်စိမ်၊ များများပဲစိုစို ပါဝါ လုံးဝမဖွင့်မိဖို့ အရေးကြီးပါတယ်။

ဖြုတ်နိုင်သမျှဖြုတ်

ဖုန်းနဲ့ ဘက်ထရီကို ဖြုတ်လိုက်ဖို့ ဖြစ်ပါတယ်။ အချို့ကျတော့လည်း ဘက်ထရီနဲ့ဖုန်းက တစ်ဆက်တည်းဖြစ်လို့ ဆိုပါတယ်။ ဒီတော့လည်း မဖြုတ်ယုံပဲ ရှိပါတယ်။ အများစုကတော့ ဘက်ထရီက သက်သက်သာ ဖြစ်ပါတယ်။ ဘက်ထရီတင် မကဘဲ SIM ကဒ်ကိုလည်း ဖြုတ်ရပါမယ်။ ဒါမှ SIM ကဒ်မှာ မှတ်ထားတဲ့ Contact များ မပျောက်ဆုံးမှာ ဖြစ်ပါတယ်။ Micro SD ကဒ်လည်း ထိုနည်းတူစွာပဲ ဖြစ်ပါတယ်။ ဖြုတ်လို့ရတာမှန်သမျှ အကုန်ဖြုတ်ပေးရပါမယ်။

ရေငွေ့မြန်မြန်ပြန်

ရေငွေ့ မြန်မြန်ပြန်မယ့်နည်းက နေပူအောက်ထားခြင်း လုံးဝမဟုတ်ပါဘူး။ ဒါက ဖုန်းကို လုံးဝ ထိခိုက်စေပါတယ်။ နေရဲ့ အပူဒဏ်ကို ဖုန်းမှာပါဝင်တဲ့ သတ္ထုများက မခံနိုင်ပါဘူး။ ပိုလို့တောင် ပျက်စီးစေပါတယ်။ ဒါကြောင့် ရေငွေ့အစုပ်မြန်တဲ့ နေရာတစ်ခုခုမှာ ထားရပါမယ်။ အနီးစပ်ဆုံး ဥပမာကတော့ ဆန်အိုးပဲ ဖြစ်ပါတယ်။ ဆန်အိုးထဲ နှစ်ထည့်ထားလိုက်ရင် ရေငွေ့ကို အမြန်ဆုံး စုပ်ပေးပါတယ်။ သို့ပေမယ့် ဆန်စေ့များ မဝင်စေဖို့လည်း သတိထားရပြန်ပါတယ်။ ဒီမှာ လေမှုတ်စက်လည်း လုံးဝ အသုံးမပြုရပါဘူး။ လေမှုတ်စက်က အပူဒဏ်လည်း နေပူနဲ့ မခြားပါဘူး။ ပန်ကာနဲ့တော့ ရပါမယ်။ ဘက်ထရီကိုလည်း ထိုနည်းတူစွာပါပဲ။ နေပူထဲ လုံးဝ မထုတ်ဘဲ ရေငွေ့စင်အောင် ကြိုးစားရပါမယ်။ ဥပမာ-အဝတ်ခြောက်၊ လက်ကိုင်ပုဝါခြောက်နဲ့ ထိုင်သုပ်ပေးတာမျိုး ဖြစ်ပါတယ်။

ရေငွေ့ပြန်အောင် လုပ်တဲ့အဆင့်က အနည်းဆုံး (၂) နာရီလောက်တော့ ကြာပါတယ်။ ရေဝင်တဲ့ အတိုင်းအတာအလိုက်၊ ရေငွေ့ပြန်နိုင်တဲ့ နှုန်းထားအလိုက် အချို့ဆို (၂၄) နာရီကြာမှ ပြန်ဖွင့်ပါတယ်။ ဒီတော့ မိမိဖုန်း ရေငွေ့ကုန်စင်မှု ရှိမရှိက မိမိရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ အထက်ပါပြီးလို့ ဖုန်းရဲ့ပါဝါကို ပြန်ဖွင့်ကြည့်တဲ့အခါ ပုံမှန်အတိုင်း အလုပ်ပြန်လုပ်တယ် ဆိုရင်တော့ ကံကောင်းသွားသူ ဖြစ်ပါတယ်။ သို့ပေမယ့် ပါဝါပွင့်မလာဘူး။ မီးလင်းလာတော့လည်း Welcome ကနေ တက်မလာဘူး။ စက်က ထစ်နေတယ်ဆိုရင်တော့ တကယ် စိတ်မကောင်းစရာပါပဲ။ ဒါဆိုရင် နီးစပ်ရာ ဖုန်းပြင်ဆိုင်တွေမှာ သွားရောက် ပြသနိုင်ပါတယ်။

ဒါဆို အထက်ပါနည်းက ဘာထူးလို့လဲလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ အများကြီး ထူးပါတယ်။ ကိုယ့်ဖုန်းကို ရေကုန်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး ဖြစ်တဲ့အတွက် ဆိုင်မှာပြင်တဲ့အခါ ပြန်အသက်ရှင်ဖို့ လွယ်ကူပါတယ်။ ရေခြောက်ပြီး ပုံမှန်အလုပ်လုပ်တယ်ဆိုရင်တောင် ဆိုင်ကို တစ်ခေါက်တော့ သွားပြသင့်ပါတယ်။ အချို့ဆို ရေတစ်ခါ ထိထားတဲ့အတွက် နောက်မှ Touch အလုပ်မလုပ်တော့တာမျိုးတို့ ဖြစ်တတ်လို့ ဖြစ်ပါတယ်။ အထက်ပါ နည်းလမ်းများအတိုင်း ပြုလုပ်သွားမယ်ဆိုရင် မိမိရဲ့ ရေစိုဖုန်းများ မြန်မြန် အသက် ပြန်ရှင်နိုင်ပါတယ်။ သို့တည်းမဟုတ် အပြင်မှာ သွားရင်းလာရင်း ဖြစ်တယ်ဆိုရင်လည်း အိမ်မှာရှိတဲ့ Facility များလို အနီးစပ်ဆုံး နည်းလမ်းများကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အချို့ကျတော့လည်း သွားရင်းလာရင်း ဖြစ်တတ်လို့ ဖြစ်နိုင်ပါတယ်။ ကိုယ်ဖြစ်တဲ့နေရာက ဆိုင်နဲ့နီးနေရင် ပိုတောင် အဆင်ပြေပါသေးတယ်။

Ref & Credit to TechSpace Juornal

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar