Latest Updates

PC Software

Mobile Knowledge

Mobile News

Monday, March 3, 2014

Octa core Processor သုံး Samsung Galaxy S5 ထွက်မည်


Ref & Credit :
Smart Pro Journal
Samsung ရဲ့ Samsung Galaxy S5 ကို ပြီးခဲ့တဲ့ အပတ်က မိတ်ဆက် ပြသ ခဲ့ပြီး ပါပြီ။ အဲ့ဒီထဲမှာ အများစု ခန့်မှန်း ယုံကြည်ခဲ့တဲ့ Octa core processor အသုံးပြု စမတ်ဖုန်း မပါဝင်ခဲ့ ပါဘူး။

ယခု နောက်ထပ် ထွက်ရှိတဲ့ သတင်း ကတော့ Octa core Processor ကို အသုံးပြုမယ့် Samsung Galaxy S5 ကိုပါ ထုတ်လုပ် ရောင်းချ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။ လက်ရှိ ထုတ်ထားတဲ့ Galaxy S5 ကတော့ 2.5 GHz quad core Processor ကို အသုံးပြုထား ပါတယ်။ RAM ကလည်း 2GB DDR3 ဆိုတော့ ထွက်သမျှ Samsung ရဲ့ Galaxy family ထဲမှာ အမြန်ဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ ဒါကိုမှ ဒီထက် ထပ်မြန်တာ လိုချင် သေးသူ များအတွက် Octa core processor အသုံးပြု စမတ်ဖုန်း လည်း ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဧပြီလ မှာ Quad core သုံး Samsung Galaxy S5 ကို ဖြန့်ချိပြီး Octa Core ကို လ အနည်းငယ် ခြားလို့ ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar