Latest Updates

PC Software

Mobile Knowledge

Mobile News

Monday, March 3, 2014

HTC One M8 အသေးစိတ် အချက်အလက် ထွက်ရှိ


Ref & Credit : Smart Pro Journal
HTC One ပြီးတော့ နောက်ထပ် မျိုးဆက် အနေနဲ့ ထွက်ရှိမယ့် စမတ်ဖုန်း ကတော့ HTC One M8 ဖြစ်ပါတယ်။ Prcessor ကတော့ 2.3 GHz quad-core Snapdragon 800 ဖြစ်ပါတယ်။

RAM က 2GB ရှိပြီး Stroage က 16 GB ရှိပါတယ်။ ဘက်ထရီက 2900 mAh ပမာဏ ရှိပါတယ်။ Sense 6.0 ပူးတွဲ ထောက်ပံ့ တဲ့ Android 4.4 Kit Kat OS ကို အသုံးပြု ထားမှာ ဖြစ်ပါတယ်။ micro SD ကဒ် slot ပါဝင် ပါမယ်။ ထူးခြားချက်က ကင်မရာ ဖြစ်ပါတယ်။ နောက်ကျော မှာ ကင်မရာက ၂ လုံးတောင် ပါဝင် ပါတယ်။ Dual Shot ကြောင့်မို့ အရည်အသွေး ပိုမို ကောင်းမွန်တဲ့ ဓာတ်ပုံ နဲ့ ဗီဒီယို များကို ရရှိ စေမှာ ဖြစ်ပါတယ်။

အပြင် ဘော်ဒီကတော့ အရင် ဗားရှင်းက အတိုင်း သတ္တုနဲ့ ပြုလုပ်ထား မှာ ဖြစ်ပါတယ်။ HTC One M8 ကို ယခုနှစ်လယ် အတွင်း ဖြန့်ချိ ရောင်းချ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar