Latest Updates

PC Software

Mobile Knowledge

Mobile News

Wednesday, July 10, 2013

HUAWEI Y310-5000 Root & Touch Error ရှင်းနည်း












Huawei Y310-5000 ကို လွယ်ကူစွာ root လုပ်နိုင်ပါတယ်
ဒါပေမယ့် ရုလုပ်ပြီးရင် touch ကအလုပ်မလုပ်ပဲ ဖြစ်နေတတ်ပါတယ်

မစိုးရိမ်ပါနဲ့  ဒီတခါ တင်ပြပေးမှာက  လွယ်ကူ Root လုပ်နိုင်ပြီး touch ကအလုပ်မလုပ်ပဲ
Error ဖြစ်သွားခဲ့ရင်လဲ Error ရှင်းနည်းလေးကိုပါ တခါထဲတင်ပြပေးသွားမှာပါ
Huawei Y310-5000 root
လိုအပ်တဲ့ဖိုင်လေးတွေကို ဒေါင်းရအောင်
(1)  မိမိဖုန်းကို driver သိဖို့  driver ကို ဒီမှာ ဒေါင်းပါ
(2)  root.pac ဖိုင်လေးကို ဒီမှာ ဒေါင်းပါ။
(3) Research ဖိုင်လေးကို ဒီမှာ ဒေါင်းပါ။

အားလုံးဒေါင်းပြီးရင်တော့ Research download ဖိုင်အား ဖြေလိုက်ပါ ပြီးရင်
ဖိုင်ထဲမှ Bin ထဲသို့ ၀င်ပြီး research download.exe ဖိုင်လေးကို  pc ပေါ်မှ Run လိုက်ပါ
ဒီလိုပုံလေး ထွက်လာမှာပါ



ပြီးရင် နံပတ် 2 မှာဒေါင်းထားတဲ့ root.pac ဖိုင်လေးကို အလွယ်တကူရှာတွေ့အောင်

PC ပေါ်တင် လိုက်ပါ ပြီးရင် ပုံမှာ ပြထားတဲ့ ပုံလေးအတိုင်းပါပဲ နံပတ် 1 ကို ကလစ်လိုက်ပြီး 

နံပတ် 2 ကတော့ PC ပေါ်တင်လိုက်တဲ့ root.pac ဖိုင်လေးကို ရွေးလိုက်ပါ

ပြီးရင် ပုံမှာပြထားတဲ့ အတိုင်း နံပတ် 3 နေရာလေးကို နှိပ်လိုက်ပါ

ပြီးရင် 

ဖုန်းကို ပါဝါပိတ်ထားပြီး volume Down ကိုနှိပ်ပြီး ကြိုးထိုးလိုက်ရင်

ဒီပုံလေးအတိုင်း သူ့ပါသူ အလုပ်လုပ်သွားတာကို တွေ့ ရမှာပါ


  passed ဆိုပြီး  ပြီးစီးကြောင်း စာတန်းလေးပြပြီဆိုရင်တော့ အောင်မြင်ပါပြီ 

ဖုန်းကို ပါဝါဖွင့်ပြီး ကြည့်လိုက်ပါ Superuser လေးကိုတွေ့ရမှာပါ

ဖုန်းဖွင့်လိုက်လို့ Touch ကအလုပ်မလုပ်ဘူးဆိုရင်တော့ မပူပါနဲ့

ဒီဖိုင် လေးကို ဒေါင်းပြီး

အပေါ်က အတိုင်းပဲ ( Root.pac ) ဖိုင်လေး ရွေးရမဲ့နေရာလေးမှာ Root.pac လေးကိုမရွေးတော့ပဲ

အခုဒေါင်းထားတဲ့ဖိုင်လေးကို အစားထိုးရွေးပြီး ပြန်လုပ်လိုက်ပါ အဆင်ပြေပါလိမ့်မယ်

အားလုံးအဆင်ပြေစေရန် စေတနာနဲ့ တင်ပေးခဲ့ပေမယ့် ဒီနည်းနဲ့ ဒီဆော့ဝဲလေးတွေကို

ကိုသစ်ဆန်းခန့်  ရဲ့ လက်ရာလေးတွေကို အသုံးပြုထားတာဖြစ်ပါတယ်

အဆင်ပြေတယ်ဆိုရင် ကိုသစ်ဆန်းခန့် ကို ကျေးဇူးတင်လိုက်ကြပါ

အဆင်ပြေကြပါစေ 

စေတနာမွန်ဖြင့် ညမင်း သားလေး chitthumaung1983@gmail.com

1 comment :

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar