Credit - MMAS
iOS 8 ရဲ့နောက်ပိုင်း update version တွေမှာ Wifi နဲ့ပတ်သက်တဲ့ bug တွေကိုတော်တော်များများရှင်းလင်းပေးထားသော်လည်း Users တော်တော်များများကတော့ iOS 8 နဲ့ iOS 8.1 တင်ထားတဲ့ Device တွေမှာ Wifi သုံးရတာနှေးကွေးနေဆဲပဲလို့ဆိုကြပါတယ်။ ဒါဆိုရင် iOS 8/8.1 မှာ Wifi သုံးရတာနှေးကွေးနေခြင်းပြဿ နာကိုဘယ်လိုဖြေရှင်းမလဲ။ ဖြေရှင်းနည်းကို အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။
အရင်ဆုံး Setting > Wifi ထဲကိုဝင်ပါ။
Wifi ကဏ္ဍထဲကိုရောက်သွားပြီဆိုရင် မိမိချိတ်ဆက်ထားတဲ့ Wifi ကွန်ရက်ဘေးက i သင်္ကေတလေးကိုနှိပ်ပါ။
ကိုယ်ချိတ်ဆက်ထားတဲ့ Wifi ကွန်ရက်ရဲ့ ကဏ္ဍထဲကိုထပ်ရောက်သွားပြီဆိုရင် DHCP tab ထဲကိုဝင်ပါ။
DNS နေရာမှာ 8.8.8.8,8.8.4.4 လို့ရိုက်ပါ။
ပြီးရင် Wifi Setting ထဲကနေထွက်လို့ရပါပြီ။ Wifi သုံးရတာမြန်လာ မလာကိုပြန်စမ်းကြည့်ပါဦး။
Ref: Reddit, Redmondpie
အားလုံးပဲအဆင်ပြေကြပါစေ။
Thet Naing Soe (Myanmar Mobile App Store)
Post a Comment