Apple တို့အနေနဲ့ iOS7 ကို iPhone 5s နှင့်တကွ ထုတ်လုပ်ပေးခဲ့ပြီးတဲ့နောက်မှာ iOS8 အတွက်ပြင်ဆင်နေကြပါပြီ။
အခုလက်ရှိရထားတဲ့ သတင်းကတော့ iOS8 ကိုအသုံးပြုထားတဲ့ iPhone ရဲ့ First Screenshot ပါ။
iOS8 ဆိုပေမဲ့ iOS7 ရဲ့ Design အသွင်အပြင်ကိုပဲ သုံးထားပါတယ်။
လောလောဆယ်တော့ သိရသလောက်သတင်းကတော့ Mac OSX မှာပါဝင်တဲ့ Preview နဲ့ TextEdit App တွေကို Mobile Version အဖြစ်ပြန်လည်ပြုပြင်ရေးသားထားပြီး iCloud ကိုအသုံးချမှူပိုမိုကျယ်ပြန့် လာစေဖို့အတွက်လို့ဆိုထားပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ Mac ကနေ Save မှတ်ထားတဲ့ TextEdit ထဲက စာတွေနဲ့ .. Preview ထဲက ဓာတ်ပုံတွေကို တစ်ခါတည်း iCloud Sync လုပ်လိုက်တာနဲ့  iDevice ပေါ်မှာ iOS8 နဲ့ ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။
နောက်ထပ် Healthbook ဆိုပြီး ကျန်းမာရေးနဲ့ သက်ဆိုင်မဲ့ IOS တစ်ခုပါ ပါဝင်လာတယ်လို့ဆိုပါတယ်။ Tips ဆိုတဲ့ iCon လေးနဲ့ App တစ်ခုလည်းပါဝင်လာတယ်လို့ဆိုပါတယ်။
ပုံလေးတွေကတော့




Post a Comment