Latest Updates

PC Software

Mobile Knowledge

Mobile News

Friday, March 28, 2014

HTC က BlinkFeed ကို အခြား Android Device များအတွက် ပြုလုပ်ပေးမည်

Ref -  Myanmar Digital Life Journal
HTC က Sense 6.0 မှာထည့်သွင်းထားတဲ့ BlinkFeed စွမ်းဆောင်ချက် ကို အခြား ဖုန်းထုတ်လုပ်သူများရဲ့ ဖုန်းများမှာ အသုံးပြုနိုင်အောင် App အနေနဲ့ ပြုလုပ်ပေးမယ်လို့ ကြေညာပါတယ်။ Google Play Store မှာ မကြာမီ တင်ပေးမယ်လို့ပြောပါတယ်။ BlinkFeed က Home Screen မှာ Social Networks နဲ့ ၀က်ဆိုက်တွေက Feeds တွေကို ကြည့်လို့ရတာဖြစ်ပါတယ်။ BlinkFeed စွမ်းဆောင်ချက်ကို HTC အသုံးပြုသူများ က နှစ်သက်ကြပါတယ်။
Sense 6.0 မှာ ပါရှိတဲ့ BlinkFeed အသစ်မှာ Images အရွယ်အစားကို Apps Tray မှာလို ပိုမိုကြီးမားအောင် ပြုလုပ်ပေးထားပါတယ်။ Default Home Screen အနေနဲ့ မသတ်မှတ်ထားရင် အပေါ်က Weather Clock ကို ဖယ်ရှားပေးထားပါတယ်။ Content တွေကို ထိန်းချုပ်ဖို့ နည်းလမ်းအသစ်များပါရှိလာပါတယ်။ User Interface ပြောင်းလဲထားပါတယ်။
BlinkFeed App ကို Google Play မှာ ဖြန့်ချီပေးလိုက်ပြီဖြစ်ပေမယ့် အခုလောလောဆယ်မှာ HTC One M8 မှာသာအသုံးပြုနိုင်ပါသေးတယ်။ အခြား Android Device များအတွက် BlinkFeed App ကို မကြာမီ ဖြန့်ချီမယ်လို့ သိရပါတယ်။

3 comments :

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar