- iOS 8.1.2 ကို Jailbreak ပြုလုပ်နိင်သော TaiG Jailbreak Tool ဗားရှင်းအသစ်ထွက်ရှိလာ
- Evasi0n7 Jailbreak Tool ဗားရှင်းအသစ် Evasi0n7 v1.0.8
- evasi0n 7 v1.0.7 Update On 3/2/2014
- လက်ရှိနောက်ဆုံးထွက်iOS 7.0.6ကိုJailbreakလုပ်နိုင်သောevasi0n 1.0.6
- evasi0n7 - iOS 7.x Jailbreak v 1.0.5 Latest Update..
- evasi0n iOS 7.x Jailbreak Tool v1.0.4
- Evasion 7 v1.0.3 Update Version
- Untether Jailbreak for iOS 6.1.3~6.1.5 v1.0.7 Update Version
- iOS 6.1.3~6.1.5 တို့ကို Jailbreak လုပ်နိုင်သော p0sixspwn Tool v1.0.5 Update ထွက်ရှိ
- iOS 6.1.3 , 6.1.4 & 6.1.5 Untethered Jailbreak Toolထွက်ရှိ
- Evasi0n v1.0.2 Beta Version
- Evasi0n 7 1.0.1 ( Jailbreak 7.0.4 UnTethered )
Saturday, February 1, 2014
ဖုန်းတွေ Soft Brick/Hard Brick ဖြစ်တယ်ဆိုတာဘာလဲ
Brick ဖြစ်သွားတယ်ဆိုတာ လွယ်လွယ်ပြောရရင် အဖိုးတန် ဖုန်းတစ်လုံးကနေ ဘယ်လောက်မှမတန်တဲ့ အုတ်ခဲအဖြစ် ဘဝပြောင်းသွားခြင်းကို ဆိုလိုတာပါ။ အုတ်ခဲကမှ အိမ်ဆောက်တဲ့နေရာမှာ ထည့်သုံးလို့ရသေး၊ brick ဖြစ်သွားတဲ့ ဖုန်းကတော့ စာရွက်ဖိတဲ့အတုံးအဖြစ်လောက်ပဲ သုံးလို့ရပါတော့တယ်။
ဖုန်းတစ်လုံးဟာ ဘာဆိုဘာမှ လုပ်လို့မရတော့တဲ့ အခြေအနေကို brick ဖြစ်သွားတယ်လို့ ပြောလေ့ပြောထရှိပါတယ်။
ဖုန်းတစ်လုံး ကောင်းကောင်းအလုပ်လုပ်ဖို့ဆိုရင်
(၁) Hardware (CPU, Memory, Power Supply, etc.) တွေ ကောင်းကောင်းအလုပ်လုပ်ဖို့ လိုအပ်ပါတယ်။
(၂) Software တွေ (Bootloader, Kernel, Applications, etc.) တွေလည်း ကောင်းကောင်းအလုပ်လုပ်ဖို့ လိုအပ်ပါတယ်။
အဲဒါတွေ ကောင်းကောင်းအလုပ်မလုပ်တော့ဘူးဆိုရင် brick ဖြစ်သွားပြီလို့ ပြောလို့ရပါတယ်။
Hardware ပျက်ရင် Hard brick ၊ Software ပျက်ရင် Soft brick လို့ အလွယ်မှတ်ထားနိုင်ပါတယ်။
ဖုန်းလွတ်ကျရင်၊ ရေစိုသွားရင်၊ Power supply မှာ တစ်ခုခုပြဿနာဖြစ်သွားရင်၊ ဖုန်းစထုတ်ကတည်းက hardware မှာ ပြဿနာတစ်ခုခုပါလာရင် hardware ထိပြီး hard brick ဖြစ်တတ်ပါတယ်။
ဖုန်းနဲ့ မကိုက်ညီတဲ့ firmware တင်မိရင်၊ system ပိုင်းဆိုင်ရာကို ကလိမိရင်၊ system ပိုင်းဆိုင်ရာကို ပြင်ပေးတဲ့ app တွေ သွင်းမိရင် soft brick ဖြစ်တတ်ပါတယ်။
brick ဖြစ်သွားတဲ့ ဖုန်းတစ်လုံးကို ပျက်နေတဲ့အပိုင်းကို ပြင်ပေးလိုက်ခြင်းဖြင့် ပြန်လည်ကောင်းမွန်လာစေပါတယ်။ အဲလိုပြန်ပြင်တာကိုတော့ Unbrick လုပ်တယ်လို့ ခေါ်ပါတယ်။
ဥပမာ
- libharfbuzz.so မကိုက်လို့ brick ဖြစ်တာဆိုရင် ကိုက်ညီတဲ့ file ကို ပြန်ထည့်ပေးလိုက်ပါ။
- firmware မကိုက်လို့ ဖြစ်တာဆိုရင် ကိုက်ညီတဲ့ firmware ကို ပြန်ထည့်ပေးလိုက်ပါ။
- power supply မကောင်းလို့ ဖြစ်တာဆိုရင် power supply လဲပေးလိုက်ပါ။
- EMMC မကောင်းလို့ ဖြစ်တာဆိုရင် EMMC လဲပေးလိုက်ပါ။
- Board မကောင်းလို့ဖြစ်တာဆိုရင်တော့ Board တစ်ခုလုံး ပြန်လဲပေးလိုက်ပါ။
- ဖုန်းတစ်ခုလုံး မကောင်းတာဆိုရင်တော့ နောက်ထပ် ဖုန်းတစ်လုံးနဲ့ လဲလိုက်ပါ။
Soft brick ဖြစ်တာဟာ hard brick ဖြစ်တာထက်စာရင် ပြင်ရလွယ်ကူမှန်း သတိထားမိမှာပါ။ firmware ပြန်တင်လိုက်ရင်ပဲ တော်တော်များများ အဆင်ပြေသွားတတ်ပါတယ်။ Hard brick ကတော့ ကိုယ်တိုင်ပြင်ဖို့ မလွယ်ကူတတ်ပါ။
ဘယ်လိုမှ ပြန်ပြင်လို့မရတော့တဲ့ brick ဖုန်းတစ်လုံးကိုတော့
(၁) တန်ဖိုးကြီး စာရွက်ဖိတုံးအဖြစ် စားပွဲပေါ်မှာ ခန့်ခန့်ထည်ထည် အသုံးပြုနိုင်ပါတယ်။
(၂) ကောင်းသေးတဲ့ အပိုင်းလေးတွေ (Display, Buttons, Cover, etc.) ကို တစ်ခုချင်းစီ ထုတ်ရောင်းစားနိုင်ပါတယ်။
Brick ဖြစ်ခြင်းမှ ကင်းဝေးကြပါစေ။ ဖြစ်သွားတယ်ဆိုရင်လည်း Soft brick ပဲ ဖြစ်ကြပါစေ။
Ref & Credit to : Fepfz (https://www.facebook.com/fepfz)
Subscribe to:
Post Comments
(
Atom
)
Post a Comment