Latest Updates

PC Software

Mobile Knowledge

Mobile News

Monday, February 24, 2014

Huawei က 4G Device များ နဲ့ စမတ်လက်ကောက် ကို ကြေညာ

Ref : Myanmar Digital Life Journal
ဘာစီလိုနာ နိုင်ငံ မှာ Mobile World Congress ကို ဒီနေ့မှာ စတင်ကျင်းပလိုက်ပြီး နည်းပညာ Company များ က ထုတ်ကုန် တွေကို အပြိုင်အဆိုင် ပြသကြမှာ ဖြစ်ပါတယ်။ Huawei ကလည်း အရွယ်သေး တက်ဘလက် နှစ်ခု နဲ့ စမတ်ဖုန်း တစ်ခု အပြင် စမတ်လက်ကောက် ကို ပြသလိုက်ပါတယ်။

Android Tablet နှစ်ခု ကတော့ ခုနစ် လက်မ MediaPad X1 နဲ့ ရှစ်လက်မ MediaPad M1 တို့ ဖြစ်ကြပါတယ်။ X1 မှာ SIM Card Slot ပါရှိပြီး 4G အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုများ နဲ့ စာပေးပို့မှုများ ပြုလုပ်နိုင်ပါတယ်။1.6GHz Quad-Core Processor, Full HD Display တပ်ဆင်ထားပါတယ်။ X1 ဟာ မီဒီယာ တွေ ကြည့်ရှုဖို့ ကောင်းမွန်တယ်လို့ သိရပါတယ်။

ရှစ်လက်မ MediaPad M1 မှာလည်း SIM Card Slot နဲ့ 4G အသုံးပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုများ နဲ့ စာပေးပို့မှုများ ကို ပြုလုပ်နိုင်ပါတယ်။ 1280x920 Resolution Display တပ်ဆင်ထားပါတယ်။ 1.6GHz Quad-Core Porcessor ကို အသုံးပြုထားပါတယ်။

Huawei Ascend G6 စမတ်ဖုန်း မှာ 4G အသုံးပြုနိုင်ပါတယ်။ မျက်နှာချင်းဆိုင်မှာ 5 MP Camera တပ်ဆင်ထားလို့ ကိုယ်တိုငိရိုက်ဓာတ်ပုံများ ရိုက်ကူးဖို့ ကောင်းမွန်ပါတယ်။ Huawei က “Selfie Smartphone” လို့ ပြောပါတယ်။ ၄.၅ လက်မ 960x540 Resolution Display တပ်ဆင်ထားပါတယ်။ 1.2GHz Quad-Core Processor ကို အသုံးပြုထားပါတယ်။ Android 4.3 Jelly Bean ကို အသုံးပြုထားပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။

Huawei က ချပ်ဝတ်တန်ဆာ ကွန်ပြူတာ ဖြစ်တဲ့ TalkBand B1 စမတ်လက်ကောက် ကို လည်း ထုတ်ဖော်ပြသလိုက်ပါတယ်။ Bluetooth Headset လည်းပါရှိပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများ ကို တွက်ချက်တိုင်းတာပေးနိုင်ပါတယ်။ Bluetooth , NFC တို့မှ တစ်ဆင့် စမတ်ဖုန်း နဲ့ ချိတ်ဆက်နိုင်ပြီး ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပါတယ်။ ရေ နဲ့ ဖုန်မှုန့် များ ကို ခံနိုင်ရည် ရှိအောင် ပြုလုပ်ထားပါတယ်။ USB ကြိုးနဲ့ ချိတ်ဆက်ပြီး အားသွင်းနိုင်ပါတယ်။ ခုနစ်နာရီကြာ ဖုန်းပြောဆိုနိုင်ပါတယ်။ သာမာန် အသုံးပြုမှုများ ကို ပဲ ပြုလုပ်ရင် နှစ်ရက်ကြာ အသုံးခံပါတယ်။ ၁.၄ လက်မ OLED Display တပ်ဆင်ထားပေမယ့် ထိတွေ့မျက်နှာပြင် မဟုတ်ဘူးလို့ သိရပါတယ်။ အဲဒီအတွက် စမတ်လက်ကောက် ကို စမတ်ဖုန်း App ကနေ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

MediaPad M1 ကို ဧပြီလ မတိုင်မီ မှာ Australia နိုင်ငံမှာ ရောင်းချပေးမှာဖြစ်ပြီး ယူရို (၂၉၉) သတ်မှတ်ထားပါတယ်။ Australia မှာ X1 နဲ့ Talkband တို့ကို ရောင်းချမှာ မဟုတ်ဘူးလို့ သိရပါတယ်။.

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar