Latest Updates

PC Software

Mobile Knowledge

Mobile News

Sunday, December 15, 2013

တောင်ကိုရီးယား တရားရုံးမှာ မူပိုင်ခွင့် ရှုံးနိမ့် သွားသည့် Samsung ကုမ္ပဏီ

 
တောင်ကိုရီးယား တရားရုံးက Apple ဟာ Samsung ရဲ့ Smartphone နဲ့ Tablet နည်းပညာ မူပိုင်ခွင့်ကို ခိုးယူတယ် ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချ
လိုက်ကြောင်း သိရပါတယ်။ Apple ကုမ္ပဏီက တောင်ကိုရီးယား Samsung ကုမ္ပဏီရဲ့ နည်းပညာ ၃ ခုကို ကူးယူခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့နှစ် မတ်လက Samsung က နည်းပညာ မူပိုင်ခွင့် တင်လိုက်တာ ဖြစ်ပါတယ်။ Apple က ခိုးယူခဲ့တယ် ဆိုတဲ့ နည်းပညာ တစ်ခု ကတော့ သုံးစွဲသူတွေဟာ message ရိုက်တဲ့အချိန်မှာ အခြား application တွေကိုလည်း တစ်ချိန်တည်း အသုံးပြုနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။
ဆိုးလ်ဗဟို တရားရုံးက Apple က ခိုးယူထားတယ် ဆိုတဲ့ အခြား နည်းပညာ ၂ ခုဟာ ၁၉၉၀ လောက် ကတည်းက Apple ရဲ့ နည်းပညာတွေကို Samsung က တိုးတက်လာအောင် ဖန်တီးထားတာ ဖြစ်နိုင်ကြောင်း၊ Apple အနေနဲ့ အခြား နည်းပညာ မူပိုင်ခွင့်ကို ခိုးယူတယ် ဆိုတာ ကိုလည်း ရုံးတော်က ပယ်ချ လိုက်ကြောင်း ပြောကြား ခဲ့ပါတယ်။ Samsung တာဝန်ရှိသူတွေ ကတော့ တရားရုံးက စစ်ဆေး ထားတာတွေကို စဉ်းစား သုံးသပ်မယ်လို့ ပြောကြား ခဲ့ပါတယ်။ Samsung နဲ့ Apple တို့ဟာ ကမ္ဘာတစ်ဝှမ်းက တရားရုံး တော်တော်များများမှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြ ပြီးပါပြီ။ အမေရိကန်ြ  ပည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် တရားသူကြီးတွေက Apple ကို ဘက်လိုက်ခဲ့တဲ့ အတွက် ပြီးခဲ့တဲ့လက Samsungက ၉၃၀ မီလီယံဒေါ်လာ ထက်မနည်း လျော်ကြေး ပေးခဲ့ရကြောင်း သိရပါတယ်။
Credit to:MRTV-4

Post a Comment

 
Copyright © 2013 PyinmanaThar
Designed By Pyinmana Thar. Powered byPyinmanaThar