skip to main
|
skip to sidebar
iOS 7 ရဲ့ features သစ် AirDrop အသုံးပြုနည်း
iOS 7 ရဲ့ features သစ် AirDrop အသုံးပြုပုံလေး နည်းနည်းပြောပြချင်ပါတယ်။
အသုံးပြုပုံနားလည် မလွယ်သူများအတွက် အသေးစိတ်ရှင်းပြပါမယ်။
AirDrop ကို သိလျက်နဲ့ မေ့နေလို့ပဲဖြစ်ဖြစ် သတိမထားမိလို့ပဲဖြစ်ဖြစ် မသုံးဖြစ်ပဲ နေမှာစိုးလို့ပါ။
ကျွန်တော်ကိုယ်တိုင်လည်း သုံးဖို့မေ့နေတတ်ပါတယ်။
AirDrop က iOS user အချင်းချင်း ဓါတ်ပုံတွေကို internet connection မလိုပဲ Wifi နဲ့ Bluetooth
နည်းပညာနှစ်ခုကို တပြိုင်တည်း အသုံးပြုပြီး လျင်မြန်စွာ Share ခွင့်ရမှာပါ။
အရင်တုန်းက iOS user တွေ သာမန်အခြေအနေမှာ မရနိုင်တဲ့ Photo Sharing တွေကို အခု iOS 7
က ဖြည့်ဆည်းလိုက်ပါပြီ။
နောက် AirDrop ရဲ့ အားသာချက်က iPhone နဲ့ရိုက်လို့ရထားတဲ့ Actual Photo Size အတိုင်းရရှိမှာပါ။
တခြား SMS messenger app တွေလို Photo Size ကို သေးအောင် filtering လုပ်ပစ်တာမျိုးမရှိပဲ
Original Size အတိုင်း ရရှိမှာပါ။ ကဲစရအောင်။ အရင်ဆုံး Control Center ကို ဖွင့်ပြီး ပို့မယ့်သူရော
လက်ခံမယ့်သူပါ AirDrop ကိုဖွင့်လိုက်ပါ။ Everyone ကိုရွေးပါ။
ခုဆိုရင် AirDrop ပွင့်သွားပါပြီ။ ဓါတ်ပုံ Share ရန် Photos-> Camera Roll (သို့) ပို့လိုသည့် ပုံရှိရာ
Folder သို့သွားပါ။ ပို့လိုသည့် ဓါတ်ပုံကိုဖွင့်ပါ။
(များများပို့လိုလျင် Select ဖြင့်လည်း ပုံတွေရွေးလို့ရပါတယ်။) ဓါတ်ပုံထဲမှာမျှားထိုးထားတဲ့ အနီရောင် Box
ထဲက Share icon ကိုသွားပါ။ ၅ပုံမြောက်ဓါတ်ပုံမှာလို AirDrop လေး ပေါ်နေတဲ့နေရာမှာ မိမိပို့လိုတဲ့ ဖုန်း
တက်လာသည်အထိစောင့်ပါ။ ပုံ ၆ ကိုကြည့်ပါ။
ပေါ်လာတဲ့ နာမည်ကို တို့လိုက်ပီးနောက် Waiting ဆိုပြီးခဏစောင့်လိုက်ပါ။ ပုံ ၇ မှာလို ၏
လက်ခံမယ့်ဖုန်းမှာ
Accept နဲ့လက်ခံလိုက်တာနဲ့ မိမိလိုချင်တဲ့ပုံတွေ တစ်ခဏအတွင်း ရရှိသွားပါပြီ။ ပို့ပြီးရင်တော့ Control
Center ကနေ AirDrop ကို Off လုပ်လိုက်ရင် ပိတ်သွားပါပြီ။ သို့သော် AirDrop က ပိတ်သွားသော်လည်း
Wifi နဲ့ Bluetooth က မပိတ်ပဲ ကျန်နေခဲ့ပါလိမ့်မယ်။ လောလောဆယ် Wifi နဲ့ Bluetooth ကို
ဆက်သုံးစရာမရှိရင် Control Center ကနေဖြစ်ဖြစ် ပိတ်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ ပြီး၏။
အဆင်ပြေကြပါစေ။ ။
Phyowai Zawposted >Myanmar Mobile Users Group
Post a Comment